iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 8, 2015

ကျူပီအာ တိုက်စစ်မှုး Charlie Austin ကို တော့တင်ဟမ် အသင်းခေါ်ယူဖို့ ကြိုးစား



ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ မှ အလယ်အလတ် ခြေစွာ အသင်းတစ်သင်းဖြစ်တဲ့ တော့တင်ဟမ် အသင်းဟာ သူတို့ရဲ့ တိုက်စစ်ကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် ကျူပီအာ တိုက်စစ်မှုး Charlie Austin ကို လိုချင်နေကြပါတယ်။

တော့တင်ဟမ် အသင်းရဲ့ မန်နေဂျာ ဖြစ်သူ Mauricio Pochettino ကလည်း ကွင်းပါ့ခ်ရိန်းဂျား(ကျူပီအာ) အသင်းရဲ့ တိုက်စစ်မှုး ကို ဒီလ အကုန်ပိုင်းမှာ ခေါ်ယူဖို့ မကြိုးစားခင်လေးမှာပဲ အသင်းရဲ့ လက်ရှိ တိုက်စစ်မှုး တစ်ယောက်ဖြစ်တဲ့ Emmanuel Adebayor ကို အက်စတွန်ဗီလာ အသင်းသို့ ပြောင်းရွှေ့ခွင့်ပေးလိုက်ပါတယ်။

ဒါဆိုရင်တော့ တော့တင်ဟမ် အသင်းဟာ ကျူပီအာ တိုက်စစ်မှုးကို ခေါ်ယူနိုင်ဖို့ သေချာတာကို သက်သေပြနိုင်မယ့် အထောက်အထားတစ်ခု ရှိနေပြီးသာ ဖြစ်နိုင်တယ်လို့ Mirror Sport သတင်းဌာန က ခန့်မှန်းထားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမား Charlie Austin ကို ပရီးမီးယားလိဂ် က အခြား ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ Newcastle ၊ West Ham နဲ့ Leicester အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့်လည်း ကျူပီအာ အသင်းဘက်ကတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၅ သန်းကိုတော့ မပေးချင်ကြပဲ ဖြစ်နေပါတယ်။

ဝှိုက်ဟာ့တ်လိန်း ကွင်းကြီးရဲ့ ပိုင်ရှင် တော့တင်ဟမ် အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Daniel Levy ကတော့ စတာလင်ပေါင် ၁၅ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ကောင်းကောင်းတတ်နိုင်နေတဲ့အတွက် Charlie Austin ဟာ တော့တင်ဟမ် အသင်းကို ပြောင်းရွှေ့နိုင်ချေများနေပါတယ်။

ကွင်းပါ့တ်ရိန်းဂျားအသင်း ရဲ့ နည်းပြချုပ် Chris Ramsey နဲ့ ဘောလုံး ဒါရိုက်တာ Les Ferdinand တို့ဟာလည်း အရင်တုန်းက တော့တင်ဟမ် အသင်းမှာ အလုပ်လုပ်ဖူးတဲ့အတွက် ဒီ အပြောင်းအရွှေ့ ဆွေးနွေးမှု တွေဟာ ပိုမိုအဆင်ပြေနိုင်ပါတယ်။ Charlie Austin ဟာ မနှစ်ကဘောလုံးရာသီမှာ သူပါဝင်ကစားနေရတဲ့ ကျူပီအာ အသင်း တန်းဆင်းသွားရပေမယ့်လည်း သူကတော့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၈ ဂိုးတိတိ သွင်းယူထားနိုင်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment