iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 8, 2015

ဒူးကောက်ကြောဒဏ်ရာကြောင့် ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ရတော့မယ့် Diego Costa



ချဲလ်ဆီး အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှုး တစ်ယောက် ဖြစ်တဲ့ Diego Costa ဟာ ချဲလ်ဆီး အသင်းရဲ့ ပရီးမီးယားလိဂ် ဘောလုံး ရာသီ ပြန်စတဲ့ ပွဲစဉ်များကို ဒဏ်ရာ ရရှိထားမှု ကြောင့် လွဲချော်ဖွယ်ရှိနေပါတယ်။

Diego Costa ဟာ သူ့ရဲ့ နှစ်ရှည် ခံစားခဲ့ရတဲ့ ဒူးကောက်ကြော ဒဏ်ရာကြောင့်ပဲ ရာသီအဖွင့် ပွဲစဉ်တွေကို လွဲချော်ရဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Jose Mourinho ကလည်း "Costa အဆင်သင့် မဖြစ်သေးဘူး။ သူ့အတွက် ကောင်းတဲ့ခံစားချက်တစ်ခု မဟုတ်သလို ကျွန်တော့်အတွက် လည်း ကောင်းတဲ့ခံစားချက်တစ်ခုမဟုတ်ပါဘူး" လို့ ဆိုပါတယ်။

စပိန်လက်ရွေးစင် ကစားသမား Costa ရဲ့ ပျက်ကွက်မှု တွေဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီး အသင်းကို ရာသီ အဖွင့်ပွဲစဉ် အဖြစ် Swansea နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် မတိုင်ခင် ၂ ရက်အလိုမှာ တိုက်စစ်မှုး တစ်ယောက် ဆုံးရှုံးစေခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လန်ဒန် အခြေစိုက် ချဲလ်ဆီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်တဲ့ Diego Costa ဟာ ချဲလ်ဆီးအသင်းရဲ့ ဖလားကိုင်မြှောက်ခွင့်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ဒူးကောက်ကြော ဒဏ်ရာ ကြောင့်လွဲချော်ခဲ့ရပြီး ချဲလ်ဆီးအသင်းကို စတာလင်ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့မလာခင် ၁ နှစ် ကျော်ခန့်ကလည်း အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ နောက်ဆုံး လတွေမှာ ဒူးကောက်ကြော ဒဏ်ရာကြောင့်နားနေခဲ့ရပါသေးတယ်။

Costa ရဲ့ ဒဏ်ရာ ရရှိမှု ဟာ ဓါတ်မှန် တွေပေါ်မှာတော့ ပြသခြင်းမရှိပဲ ဆန်းကြယ်စွာ ခံစားနေရခြင်းဖြစ်ပြီး အသင်းအနေနဲ့လည်း သူဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်ဆိုတာကို မပြောနိုင်သေးဘူးလို့ Mourinho က ဆိုပါတယ်။ ချဲလ်ဆီး အသင်းအနေနဲ့လာမယ့် စနေနေ့မှာ ဆွမ်ဆီး အသင်း နဲ့ ရာသီအဖွင့်ပွဲစဉ် ကို ယှဉ်ပြိုင်ဖို့အတွက် Loic Remy နဲ့ Radamel Falcao တို့ ၂ ယောက်သာ တိုက်စစ်မှုး အဖြစ်ကျန်တော့တဲ့အတွက် ချန်ပီယံ အသင်း အဖွင့်ပွဲစဉ်မှာ အရှက်မကွဲဖို့ တော်တော်လေး ရုန်းကန်ရမယ့် အနေအထားမှာ ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment