iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 8, 2015

တော့တင်ဟမ် ကစားသမား Danny Rose အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ပေးဖို့ ချဲလ်ဆီး အသင်းတောင်းဆို



ချဲလ်ဆီးအသင်းက တော့တင်ဟမ် အသင်းကို သူတို့အသင်းရဲ့နောက်တန်း ကစားသမား Danny Rose အတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ်ပေးဖို့ ကမ်းလှမ်း တောင်းဆိုလိုက်ပါတယ်။

ချဲလ်ဆီး အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Jose Mourinho ဟာ လာမယ့် စနေနေ့ ပရီးမီးယားလိဂ် ရာသီမစခင်မှာ ဘယ်နောက်ခံလူ Danny Rose ကို အပြီးသတ် ခေါ်ယူချင်နေပြီး ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းမှုတွေအရ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ အသင်း ချဲလ်ဆီး ဟာ Rose အတွက် စတာလင်ပေါင် ၁၅ သန်း ကို ပြောင်းရွှေ့ကြေးအဖြစ်ကမ်းလှမ်းသွားဖွယ် ရာရှိနေပါတယ်။

Mourinho ရဲ့ နည်းဗျူဟာ မြောက်လှတဲ့ ကစားကွက်အတွက် နောက်တန်းကစားသမား အဖြစ် ရှိနေခဲ့တဲ့ Felipe Luis ဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို ပြန်လည် ပြောင်းရွှေ့သွားတဲ့အတွက် Danny Rose သာ ရောက်လာခဲ့ရင် တော့ Luis ရဲ့ နေရာမှာ အစားထိုး ကစားနိုင်သွားမှာ ဖြစ်ပါတယ်။ နောက်ထပ် နောက်တန်းကစားသမားတစ်ယောက်ဖြစ်တဲ့ Cesar Azpilicueta ကတော့ ဘယ်တောင်ပံ မှာရော ညာတောင်ပံ မှာပါ ကစားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ ဂါနာ လက်ရွေးစင်အသင်း ကစားသမား Abdul Baba Rahman ကို ဂျာမန်ကလပ် Augsburg ကနေ ခေါ်ယူဖို့ကိုလည်း စိတ်ဝင်စားနေပါသေးတယ်။ အခု ကမ်းလှမ်းမှုမှာလည်း တော့တင်ဟမ် အသင်းကသာ ပြောင်းရွှေ့ကြေး မသတ်မှတ်ပေးပါက ချဲလ်ဆီးအသင်းဘက်က ကမ်းလှမ်းထားတဲ့ စတာလင်ပေါင် ၁၅ သန်းကသာ အတည်ဖြစ်သွားဖွယ်လည်း ရှိနေပါတယ်။

အသက် ၂၅ နှစ်ရှိနေပြီဖြစ်တဲ့ Danny Rose ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး နောက်တန်း အင်္ဂလန် ကစားသမား အဖြစ်သတ်မှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment