iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 8, 2015

သတ်မှတ်တောင်းဆိုကြေးမရရင် Angel Di Maria ကို ပြောင်းရွှေ့ခွင့်မပေးနိုင်ဘူးလို့ မန်ယူ ဆို



မန်ချက်စတာ ယူနိုက်တက် အသင်းက ရုတ်တရုတ် ထုတ်ပြန်ခဲ့တဲ့ သတင်းကတော့ Angel Di Maria အနေနဲ့ အသင်းကတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး မရမချင်း ပီအက်စ်ဂျီ အသင်းကို ပြောင်းခွင့်မရှိဘူးဆိုတာပါပဲ။

အာဂျင်တီးနား လက်ရွေးစင် ကစားသမား Angel Di Maria အတွက် မန်ချက်စတာယူနိုက်တက် အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၅ သန်း နဲ့ အထက်မှာ လိုချင်နေပြီး လက်ရှိမှာတော့ သူတို့တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပီအက်စ်ဂျီ အသင်းက တရားဝင် သဘောတူညီခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ချက်စတာယူနိုက်တက် အသင်းကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၉.၇ သန်း နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ Angel Di Maria ဟာ တနလာင်္နေ့ကပဲ ကာတာ နိုင်ငံကို လာရောင်ပြီး ပီအက်စ်ဂျီ ဘောလုံး အသင်းရဲ့ ပိုင်ရှင်တွေနဲ့ လာရောက်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်းကတော့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး အတည်မဖြစ်မချင်း သဘောတူညီမှု ရရှိနိုင်မှာ မဟုတ်ဘူးလို့ ဆိုထားဆဲပါပဲ။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Louis Van Gaal ဟာ လက်ရှိမှာ Di Maria ကို အပြင်းအထန်ဒေါသ ဖြစ်နေပါတယ်။ အကြောင်းအရင်းကတော့ အာဂျင်တီးနား လက်ရွေးစင် ကစားသမား Di Maria ဟာ ကျန်းမာရေးအခြေအနေကို အကြောင်းပြပြီး မန်ယူအသင်းရဲ့ ရာသီအကြိုခြေစမ်းပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ငြင်းဆိုခဲ့လို့ပါပဲ။

Van Gaal အနေနဲ့ ပီအက်စ်ဂျီ အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း မန်ယူဘက် က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ရဖို့ ထပ်မံ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မန်ယူ အသင်းအနေနဲ့ ဘာစီလိုနာ ကစာသမား Pedro နဲ့ ရီးရဲမက်ဒရစ် တိုက်စစ်မှုး Karim Benzema တို့ကိုလည်း ခေါ်ယူနိုင်ဖို့ အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်မှာ ထပ်မံ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment