iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 20, 2015

ပီအက်စ်ဂျီတိုက်စစ်မှုး Edison Cavani ကို ခေါ်ယူဖို့ အာစင်နယ် အသင်း ကမ်းလှမ်းထား



ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် အသင်း တစ်သင်းဖြစ်တဲ့ အာစင်နယ် အသင်းဟာ ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှုး Edison Cavani ကို ဒီနှစ်နွေရာသီမှာ ခေါ်ယူဖို့အတွက် စတာလင်ပေါင် ၃၅ သန်းပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဂန်းနား တွေဟာ အစပိုင်းမှာ ရီးရဲမက်ဒရစ် တိုက်စစ်မှုး Karim Benzema ကို ခေါ်ယူဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့်လည်း ရီးရဲမက်ဒရစ် အသင်းရဲ့ မန်နေဂျာ ဖြစ်သူ Rafael Benitez က ပြင်သစ်လက်ရွေးစင် ကစားသမား Benzema ဟာ ဒီနှစ်ဘောလုံးရာသီအတွက် ရီးရဲမက်ဒရစ် အသင်းရဲ့ ကစားကွက်မှာ အရေးကြီးတဲ့ ကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ကမ်းလှမ်းမှု တိုင်းကို ပယ်ချခံခဲ့ရပါတယ်။

ဒါကြောင့် Arsene Wenger ဟာ Benzema ကို ခေါ်ယူနိုင်ဖို့ လက်လျှော့လိုက်ပြီး ဥရုဂွေး လက်ရွေးစင် ကစားသမား Edison Cavani ကို စာချုပ်ချုပ်ခေါ်ယူလိုက်တာပဲ ဖြစ်ပါတယ်။ Edison ဟာ အာစင်နယ် အသင်းရဲ့ လက်ရှိ တိုက်စစ်မှုး Alexis Sanchez နဲ့ ကစားဖော် ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။

အာစင်နယ် အသင်းအနေနဲ့လည်း Edison Cavani ကို အချိန်မှန် ဈေးနှုန်းမှန် နဲ့ခေါ်ယူ လိုက်နိုင်တာပဲ ဖြစ်ပါတယ်။ အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တဲ့ ပီအက်စ်ဂျီ အသင်း ကိုလည်း ကျေးဇူးတင်ရမှာပါ။ Edison Cavani ဟာ မနှစ်ကဘောလုံးရာသီ မှာ ၆၅ ပွဲ ကစားခဲ့ပြီး လိဂ် သွင်းဂိုး ၃၄ ဂိုးရှိခဲ့သလို နေရာ မျိုးစုံကနေ လည်း ကစားနိုင်တဲ့ စွယ်စုံရ တိုက်စစ်မှုးတစ်ယောက်ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းအနေနဲ့ကလည်း Edison Cavani ကို ရောင်းထုတ်ပြီး မန်ချက်စတာစီးတီး အသင်း ရဲ့ တိုက်စစ်မှုး Sergio Aguero ကို ပြန်လည် ၀ယ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

( Mario )

No comments:

Post a Comment