iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 20, 2015

၁၉၈၆ ခုနှစ် က "ဘုရားပေးတဲ့လက်" ဂိုးကို ခွင့်ပြု ခဲ့တဲ့ ဒိုင်လူကြီးနဲ့  Maradona တို့ ၂၉ နှစ်အကြာမှာ ပြန်လည်တွေ့ ဆုံ



အင်္ဂလန်ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ ဒီဂိုးဟာ အသည်းနာစရာအဖြစ် ဆက်လက်သတိရနေသလို အဆိုပါဂိုးကို ခွင့်ပြုပေးခဲတဲ့ တူနီးရှားလူမျိုး ဒိုင်လူကြီး Ali Bennaceur ဟာလည်း အာဂျင်တီးနားသားတွေရဲ့ နှလုံးသားထဲမှာ အမြဲနေရာယူထား လျက်ရှိဆဲပါ။

၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားဂန္တ၀င်ဘောလုံးသမား Maradona ဟာ သူ့ ရဲ့ လက်နဲ့ အဖွင့်ဂိုးကို သွင်းယူပြီး အင်္ဂလန်တို့ ကို ကမ္ဘာ့ဖလား မျှော်လင့်ချက်နဲ့ ဝေးကွာစေခဲ့တာဖြစ်ပါတယ်။

ယခုအပတ်ထဲမှာ Maradona ဟာ တူနီးရှားနိုင်ငံကို အလည်အပတ်သွားခဲ့ရာမှာ အဆိုပါဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ဒိုင်လူကြီး နဲ့ သွားရောက်တွေ့ ဆုံခဲ့ပါတယ်။

Maradona ဟာ Ali နဲ့ တွေ့ ဆုံခဲ့ရာမှာ သူ့ လက်မှတ်ထိုးထားပြီး အင်္ကျီပေါ်မှာ ‘ ငါ့ရဲ့ ထာဝရမိတ်ဆွေ၊ Ali အတွက်’ လို့  ရေးထားတဲ့ အာဂျင်တီးနားအသင်းအင်္ကျီတစ်ထည် ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

“ Ali Bennaceur နဲ့ စိတ်လှုပ်ရှားဖွယ်ပြန်လည်တွေ့ ဆုံခဲ့ပါတယ်။ သူ့ ကို အာဂျင်တီးနားအသင်းအင်္ကျီတစ်ထည်လက်ဆောင်ပေးခဲ့ပြီး ကျွန်တော့်ကို သူ့ အိမ်မှာရှိတဲ့ အဲဒီဘောလုံးပွဲဓာတ်ပုံကို လက်ဆောင်ပြန်ပေးခဲ့တယ်” လို့ Maradona က သူ့ ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

( Ye Wint )

No comments:

Post a Comment