iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, August 10, 2015

အလုပ်များတဲ့ သူတွေ gaming သမားတွေအတွက် ZenFone Max

ZenFone 5 နဲ့ ဈေးကွက်ထဲမှာ နေရာရလာတဲ့ နည်းပညာ Company ကြီး Asus ဟာ
အလုပ်များပြီး ဖုန်းအားမသွင်းနိုင်တဲ့ လုပ်ငန်းရှင်တွေ
ဖုန်းကို တနေကုန် ကလိနေတဲ့ Geeks တွေ စမတ်ဖုန်းကို အားရပါးရ Game ဆော့လေ့ရှိတဲ့ Gamer တွေ အတွက်
စမတ်ဖုန်း အသစ်ဖြစ်တဲ့ Zenfone Max ကို ထုတ်လုပ်ပေးလိုက်ပါတယ်
Zenfone Max မှာ အထူးခြားဆုံးကတော့ Battery ဖြစ်ပြီးတော့ သာမန် စမတ်ဖုန်းတွေထက် သာလွန်တဲ့
5000 mAh  ကို အသုံးပြုထားတာကြောင့်  PowerBank တလုံးစာလောက်ရှိပါတယ်
အဆိုပါ ZenFone Max မှာတော့ ကြီးမားတဲ့ 5.5 inch မျက်နှာပြင်ပါရှိမှာဖြစ်ပြီး
Snapdragon 410 chipset ကို အသုံးပြုမောင်းနှင်စေမှာဖြစ်ပါတယ်
RAM ကို 2GB ထည့်သွင်းပေးထားတာကြောင့် လုံလောက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်
ကျောဖက် မှာတော့ 13MP Camera ကို တပ်ဆင်ပေးထားပြီး Laser Auto Focus နဲ့ Dual LED Flash ထည့်သွင်းပေးထားပါတယ်
ရှေ့ဖက်မှာတော့ 5MP အရည် အသွေးရှိတဲ့ ကင်မရာ ပါရှိပြီး Selfie ရိုက်သူတွေ အကြိုက်တွေ့မယ့်
Feature တွေထည့်သွင်းပေးထားပါတယ်
Mid Range အနေနဲ့ ထွက်ရှိလာမယ့် အဆိုပါ ZenFone Max ဟာ စမတ်ဖုန်း အသုံးပြုသူတွေကြားမှာ
Battery အားအကောင်းဆုံး ဖုန်းတလုံးအနေနဲ့ နေရာယူမယ်ဆိုတာ သေချာနေပါတယ်..
Refer : Asus
Aung Khaing (MMAS)

No comments:

Post a Comment