iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, August 10, 2015

iPhone 6S ကို စက်တင်ဘာလ ၉ ရက်နေ့တွင် မိတ်ဆက်မည်

Apple ဟာ iPhone 6S ကို လာမယ့် စက်တင်ဘာလက ၉ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဖုန်းနဲ့ ပက်သက်ပြီး MMAS မှာ ဖော်ပြတဲ့ သတင်းတွေလည်း အတော်လေးများနေပြီဆိုတော့ ဘာတွေပါမလဲဆိုတာ ခန့်မှန်းမိနိုင်သလောက်လည်း ရှိလောက်ပါပြီ။
အဓိက ထူးခြားချက် အနေနဲ့ ကင်မရာရဲ့ အဆင့်မြင့်လာမှု ဖြစ်ပြီး ခန့်မှန်းချက် တစ်ခုမှာ ကင်မရာ 21 Megapixel ရှိကြောင်း ဆိုပါတယ်။ DSLR image quality တောင် ရရှိနိုင်ကြောင်းလည်း ဆိုထားပါတယ်။ Sony ကနေ Image Sensor ကို ဝယ်ယူထားကြောင်း ဆိုပါတယ်။ ဖုန်းရဲ့ အပြင် စတိုင်ကတော့ မပြောင်းလဲပါဘူး။ ထုံးစံအတိုင်းပဲ Touch ID ပါဝင်ပါမယ်။ 16GB, 64GB နဲ့ 128GB တို့ဖြင့် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ၄.၇ နဲ့ ၅.၅ လက်မ Display နှစ်မျိုးဖြင့် ထွက်လာမှာပါ။ နောက်ထပ် ထူးခြားချက်က Touch လုပ်တဲ့ အား အနည်းအများပေါ်မှာ မူတည်ပြီး တိုးလာမယ့် feature များ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ အလူမီနီယံ ထပ် ၇၀ ရာခိုင်နှုန်း ထပ် ပိုပြီးတော့ ပိုမို သန်မာမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ နောက်ထပ် rumor တစ်ခုကတော့ အရောင်ပြောင်ထွက်တဲ့ Liquidmetal ကို အသုံးပြုမယ်လို့လည်း သတင်းထွက်နေပါတယ်။
Processor, RAM တို့လည်း ယခင်ဗားရှင်းထပ် တစ်ဆင့်မြင့်သွားမှာ ဖြစ်ပါတယ်။ ဗားရှင်း တစ်ဆင့်မြင့်တိုင်းမှာ Apple ရဲ့ ဖော်ပြချက်အရတော့ ယခင်ထပ် ၃၀ ရာခိုင်နှုန်းကတော့ ၈၀ ရာခိုင်နှုန်းလောက်အထိ performance မြင့်တတ် ပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့မှာ ဘယ်လို မိတ်ဆက်တဲ့အခါ အခြားသော Product အသစ်များလည်း ပါဝင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment