iCon
zawgyi သို့ မဟုတ် unicode
Thursday, August 6, 2015
iPhone 6s မှာ Force Touch နည်းပညာဘယ်လိုအလုပ်လုပ်မလဲ [Video]
Apple ကနေ အသစ်ထွက်ရှိလာတဲ့ Apple Watch နဲ့ MacBook အသစ်တွေမှာတော့ Force Touch နည်းပညာပါဝင်လာပါပြီ။ Force Touch ဆိုတာကတော့ အလွယ်ရှင်းပြရရင် Touch Screen မှာ သာမန် တို့ထိတာ ၊ အကြာကြီးထိထားလိုက်ရင် action တစ်ခုခုလုပ်ရုံတင်မဟုတ်ဘဲ ၊ Screen ပေါ်မှာ လက်ရဲ့ဖိအား ၊ ပြင်းအားကိုပါ သိရှိပြီး သတ်မှတ်ထားတဲ့ Function တစ်ခုခုကိုလုပ်စေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ iPhone 6 Plus မှာလည်း Force Touch နည်းပညာထည့်သွင်းထားမယ်ဆိုတဲ့ သတင်းကလည်းထွက်ရှိနေပြီး သေချာသလောက်ရှိနေပါတယ်။ အခုတော့ Force Touch နည်းပညာက iPhone ပေါ်မှာဘယ်လိုအသုံးပြုနိုင်မလဲ ၊ အလုပ်လုပ်မလဲဆိုတာကိုပြသထားတဲ့ ဗီဒီယိုထွက်ရှိလာပါတယ်။ အခုထွက်ရှိလာ တဲ့ဗီဒီယိုမှာပြထားတာကတော့ Force Touch နည်းပညာအစစ်အမှန်မဟုတ်သေးဘဲ Prototype တစ်ခုအနေနဲ့လုပ်ပြထားခြင်းသာဖြစ်ပါတယ်။ လေ့လာလိုသူများအနေနဲ့အောက်မှာကြည့်ရှုနိုင်ပါတယ်။
Thet Naing Soe (Myanmar Mobile App Store)
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment