iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 15, 2015

အဲဗာတန်နောက်ခံလူ John Stones ကို ပြောင်းရွှေ့ ကြေးနဲ့ ကစားသမားပါ အလိုက်ပေးပြီး ကမ်းလှမ်းဖို့ မန်ယူအသင်းကြိုးစားနေ



မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းနောက်ခံလူ John Stones ကို ပြိုင်ဘက်ချယ်လ်ဆီးအသင်းထက် လက်ဦးမှုရယူဖို့ အတွက် နောက်ခံကစားသမား Johnny Evans ကိုပါ အလိုက်ပေးပြီး ခေါ်ယူသွားမှာဖြစ်ကြောင်း သိရပါတယ်။

ချယ်လ်ဆီးဟာ ၂၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမား John Stones ကို ခေါ်ယူဖို့ နှစ်ခါ ကြိုးပမ်းခဲ့ပေမယ့်လည်း အဲဗာတန်အသင်းရဲ့ ပယ်ချမှုကို ခံခဲ့ရပါတယ်။ ချယ်လ်ဆီးနည်းပြ Mourinho က တန်ကြေး ပေါင်သန်း၃၀ ထက်မလျှော့ရင်တော့ သူ လက်လျှော့မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

Stones ဟာ ဧပြီလတုန်းက အဲဗာတန်အိမ်ကွင်း ဂူဒီဆင်ပါ့ခ်မှာ မန်ယူအသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပြီးနောက် မန်ယူနည်းပြ Van Gaal ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

မန်ယူအသင်းဟာ ယခုနှစ်နွေရာသီမှာ ပေါင် ၇၈ သန်းတောင် အသုံးပြုထားပြီးဖြစ်တာမို့ ငွေကြေးကတော့ သူတို့ အတွက် ပြသနာ မဟုတ်ပါဘူး။

အဲဗာတန်နည်းပြ မာတီနက်ဇ်ကလည်း အီဗန်ရဲ့ စွမ်းဆောင်ရည်ကို ဒီနွေရာသီအစပိုင်းက စုံစမ်းခဲ့ဖူးပြီး သရဲနီတို့ ဟာ မြောက်အိုင်ယာလန်လက်ရွေးစင် အီဗန်ကိုပါ အလိုက်ပေးပြီး စတုန်းကို အရခေါ်သွားဖို့ ရှိပါတယ်။

( Ye Wint )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment