Samsung Galaxy Note 5 ကို မိတ်ဆက်ပြီးတဲ့နောက် ဈေးကွက်မှာ
ရေပန်းစားတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်လာနိုင်ပါတယ်။ Samsung ဟာ Note
စီးရီးဟာ အောင်မြင်တဲ့ စီးရီး တစ်ခုပါ။ Samsung Galaxy Note, Note 2, Note 3
တောက်လျှောက်အောင်မြင်ခဲ့ပြီး Note 4 မှာ လည်း မရပ်နားခဲ့ ပါဘူး။ Android
OS သုံး Phablet တွေထဲမှာ ရွေးစရာ ထိပ်တန်းတစ်မျိုး ဖြစ်ပါတယ်။
ဒီရက်ပိုင်းလေးတင် တရားဝင် ကြေညာသွားပြီ ဖြစ်တဲ့ Samsung Galaxy Note 5 ကို
လေ့လာ ကြည့်ရအောင်..
ဒီဇိုင်း နဲ့ အသွင်အပြင်
၅.၇ လက်မ အရွယ်ဖြစ်တာကြောင့် Note 4 နဲ့ အတူတူ ပါပဲ။
ဒီဇိုင်းပိုင်းကိုတော့ အတော်လေး အမှတ်ပေးချင်ပါတယ်။ metal body ဖြစ်ပြီး
အနောက်ဘက်မှာ ဘေးအနား ကွေးကျတဲ့ ပုံစံက အတ်ာလေး လှပါတယ်။ Samsung Galaxy S6
Edge ရဲ့ အရှေ့ဘက်ခြမ်း ပုံစံကို အနောက်ပို့လိုက်တဲ့ ဒီဇိုင်းမျိုးပါ။ ၇.၆
မီလီမီတာ သာ ရှိတာကြောင့် slim body အမျိုးအစား ဖြစ်ပါတယ်။ Resolution
ကတော့ jump ဖြစ်သွားပါဘူး။ Quad HD 2560×440 မှာပဲ ရှိနေပါတယ်။ အနက်ရောင်၊
ရွှေရောင်၊ အဖြူရောင် နဲ့ တိုက်တေနီယမ် ငွေရောင် ဆိုပြီးတော့ ထုတ်ထားပါတယ်။
ရွှေရောင်ကတော့ ရောင်းအား အကောင်းဆုံး ဖြစ်လာမယ်လို့ ထင်ပါတယ်။
ကင်မရာ
16 MP ရှိပြီး Note 4 မှာ ပါတာချင်း တူပေမယ့် သူ့မှာ မြင့်လာတဲ့ sensor
အရည်အသွေးနဲ့ အခြားသော add on feature များ ရှိပါသေးတယ်။ ရှေ့ကင်မရာရဲ့
တိုးတက်မှုဟာလည်း သိသာ သွားပါတယ်။ Note 3 တုန်းက 3.7 MP သာရှိပေမယ့် ယခု
Note 5 မှာ 5 MP ရှိပါတယ်။ ကင်မရာ ကောင်းတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်လာ
ပါလိမ့်မယ်။ ကင်မရာက blur တွေကို ဖျောက်ပေးတဲ့ feature မျိုး၊ filter
ပြန်လုပ်ပေးတာမျိုးတို့ လုပ်ပေးပါတယ်။ လှုပ်ရှားနေတဲ့ ကြားမှာ ရိုက်တဲ့အခါ
ပုံထွက်ငြိမ်အောင် သူ့ဘာသူ filter လုပ်ပေးတာမျိုး ဖြစ်ပါတယ်။
ဘက်ထရီ
၂၁ ရာစုမှာ စမတ်ဖုန်း သုံးတဲ့အခါ လူတွေ စိတ်ညစ်ရတဲ့ ကိစ္စတစ်ခုက ဘက်ထရီ
အားကုန်ခြင်း ဖြစ်ပါတယ်။ Note 5 မှာ 3000 mAh ပါဝင်ပါတယ်။ သူ့အနေနဲ့ကတော့
အရင်ဖုန်းထပ် အားသွင်းရင် ကြိုးမဲ့ အားသွင်း စနစ်မှာ ၃၃ ရာခိုင်နှုန်း
ပိုမြန်လာတာမျိုး ရှိပြီး အခြားသော ပြိုင်ဘက်ဖုန်းတွေနဲ့ ယှဉ်ပြီး ကြိုးနဲ့
အားသွင်းရင်တောင် ၂ဆခွဲ ပိုမြန်ဆန်ကြောင်း ဆိုထား ပါတယ်။ ကြိုးမဲ့
အားသွင်း စနစ် ပါဝင်လာတာကတော့ Note စီးရီးထဲမှာ ပထမဆုံး ဖြစ်ပါတယ်။
အခြား Specification
RAM 4GB ပါဝင်ပြီး Octa Core (64 bit processor) ကို အသုံးပြုထားပါတယ်။
ဒါကြောင့်မို့ Processing မြန်ဆန်တဲ့ စမတ်ဖုန်းတွေကြား တိုးလာမယ့်
ပြိုင်ဘက် တစ်လုံး ဖြစ်ပါတယ်။ Android OS ကိုအသုံးပြုထားပြီး Samsung ရဲ့
အပေါ်ဖုံးထဲ UI တစ်ခုပါ ပါဝင်ပါအုံးမယ်။ Android က Lollipop နဲ့ ဖြစ်ပြီး
Android M ကို update ရပါလိမ့်မယ်။ Built in memory 32 GB ပါဝင်ပါတယ်။
LTE/4G support ပေးပြီး Bluetooth 4.0 ဖြစ်ပါတယ်။ သတင်းကောင်းကတော့ Samsung
Galaxy Note 5 ဟာ Dual SIM သုံးနိုင်တဲ့ ဖုန်းပါ။
ကဒ်နှစ်ကဒ်သုံးချင်သူများအတွက် ဖုန်း နှစ်လုံး ဝယ်စရာ မလိုပဲ
တစ်လုံးတည်းနဲ့ အဆင်ပြေစေမယ့် အနေအထား ဖြစ်ပါတယ်။
Note 3 နဲ့ မတူပဲ ပါလာတဲ့ Feature အသစ်တွေ
Side Sync လို့ခေါ်တဲ့ Function က ကွန်ပြူတာနဲ့ နီးစပ်တဲ့အခါ
ကြိုးထိုးစရာမလိုပဲ Wireless နဲ့ ချိတ်ဆက်ပြီး အချက်အလက် transfer
လုပ်လို့ရ ပါတယ်။ SideSync ကြောင့်မို့ ကွန်ပြူတာကနေ ဖုန်းပြောခြင်း၊ SMS
ပို့ခြင်းပါ ပြုလုပ်နိုင်ပါတယ်။ UHQ Audio system လို့ခေါ်တဲ့ sound system
ဟာ အသံနဲ့ ပက်သက်ပြီး ပြင်ဆင်ပေးမှုတို့ ပြုလုပ်ပေးပြီး audio record
လုပ်တာပဲ ဖြစ်ဖြစ် ရှိရင်းစွဲ audio ကို နားထောင်တာပဲ ဖြစ်ဖြစ် ကြည်အောင်
ဖန်တီးပေးပါတယ်။ bluetooth headphone သုံးပြီးတော့ နားထောင်တဲ့အခါလည်း UHQ
support လုပ်ရင် ရပါတယ်။ Samsung Pay လို့ခေါ်တဲ့ feature တစ်ခု
ပါဝင်လာပါတယ်။ Apple ကနေပြီးတော့ Apple Pay ပြုလုပ်သလို၊ Google
ကနေပြီးတော့ Google Pay ပြုလုပ်သလို Samsung ဟာလည်း ကမ္ဘာတစ်လွှားက payment
ကုမ္ဗဏီများနဲ့ ပူးပေါင်းလို့ payment များကို ထည့်သွင်းပေးထားပါတယ်။ NFC
တို့လို နည်းပညာကို အသုံးပြုပြီး payment machine အနားရောက်တဲ့အခါ ဖုန်းရဲ့
Samsung Pay ဖွင့်ပြီး Process လုပ်တာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ
ယင်း function အသုံးတည့်မတည့်တော့ မသိပါဘူး။ တစ်နေ့ကျရင်တော့ ကြိမ်းသေ
အသုံးတည့်ပါလိမ့်မယ်။ S Pen ကနေပြီးတော့ လုပ်ဆောင်လို့ရတဲ့ Function
တွေလည်း တိုးပါတယ်။ Note ဖုန်းရဲ့ သဘောတရားက Pen ကို အသုံးချခြင်း
ဖြစ်ပါတယ်။ သူ့ကို မှတ်စုမှတ်ရန် အဓိက ရည်ရွယ်တာကြောင့် လုပ်ငန်းပိုင်း
သုံးရန်လိုအပ်တဲ့ Feature များကို မြင်တွေ့ရပါလိမ့်မယ်။
သုံးသပ်ချက်
Note ကို သုံးဖူးသူတိုင်း သိကြမှာပါ။ သူက Samsung ရဲ့
အခြားဖုန်းတွေနဲ့မတူတဲ့ ထူးခြားချက်က Business သမားတွေအတွက် ရည်ရွယ်တဲ့
feature များ ပါဝင်ခြင်း ဖြစ်ပါတယ်။ Note ကို အသုံးပြုပြီး
မှတ်စုမှတ်တာမျိုးလောက် တင် မဟုတ်ပဲ app တစ်ခုသုံးနေရင်းကနေ အခြားတစ်ခုကို
ခုန်ကုန်းချင်တဲ့အခါ processing မြန်ဆန်တဲ့ ဖုန်းတစ်မျိုး ဖြစ်ပါတယ်။ ယခု
Note 5 က Productivity ကို ဦးစားပေးတဲ့ ဖုန်း ဖြစ်ပါတယ်။ ဒီတော့
အီးမေးလ်စစ်ခြင်း၊ Word file ဖွင့်ခြင်း၊ edit လုပ်ခြင်း၊ Google Drive
ဝင်ခြင်း၊ အစရှိသဖြင့် ကွန်ပြူတာမှာမှ စိတ်ကျေနပ်စွာ လုပ်နိုင်တဲ့
အလုပ်တွေကို ဖုန်းတစ်လုံးကနေ လုပ်လို့ရတာမျိုးက ဖုန်း အတော်များများ
မရှိပါဘူး။ Samsung ရဲ့ Note စီးရီးနဲ့အတူ အခြားသော Android နဲ့ အခြား OS
platform က ၅.၅ လက်မ ထပ် ကြီးတဲ့ စမတ်ဖုန်းက လက်ချိုးရေလို့ ရအောင် နည်းနေ
ပါတယ်။ ဒီဇိုင်းအရလည်း Note စထွက်ကတည်းက leading လုပ်ခဲ့ပြီး ယခု Note 5
ဟာလည်း ယခင် Note စီးရီးများထပ် အသွင် သိသိသာသာ ကွဲသွား ပါတယ်။
ဆယ်ကျော်သက်များအတွက် မဟုတ်ပဲ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့
စီးပွားရေးသမား၊ Executive level, အသက် ၂၀ ကျော် နောက်ပိုင်း entrepreneur
များအတွက် target ထားတဲ့ ဖုန်း ဖြစ်ကြောင်းလည်း ဆိုထားပါတယ်။
ဈေးနှုန်းက ၈ သိန်းဝန်းကျင် ရှိပါတယ်။ ယင်းဈေးနှုန်းဟာ Apple ရဲ့
iPhone 6 နဲ့ ယှဉ်ရင် နည်းနေသေးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ phablet ထဲမှာ
သူနဲ့ ယှဉ်စရာဆိုရင် Mi နဲ့ အခြားသော တရုတ်ပြည် brand အချို့ ရှိသလို၊
ဂျပန် Sony လည်း ရှိနေပါလိမ့်မယ်။ အရွယ်ကြီးဖုန်း ကြိုက်သူများအတွက် ၂၀၁၆
ခုနှစ်အတွင်းမှာ ရွေးချယ်စရာ option တစ်ခု တိုးလာတယ်လို့ မြင်မိ ပါတယ်။
.
အောင်ခမ်း (MMAS)
No comments:
Post a Comment