iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, September 24, 2015

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း Ancelotti ကို လီဗာပူးလ်အသင်းချဉ်းကပ်



လီဗာပူးလ်အသင်းသည် ရလဒ်များဆိုးဝါးနေသောနည်းပြ Brendan Rodgers နေရာတွင် ချယ်လ်ဆီးနှင့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း Ancelotti ကို အစားထိုးခန့်အပ်ရန် ချဉ်းကပ်လျက်ရှိသည်။

လီဗာပူးလ်အသင်းဟာ ယခုရာသီတွင် ရလဒ်တွေ အင်မတန်ဆိုးဝါးနေတာကြောင့် နည်းပြ Brendan Rodgers ရဲ့နေရာမှာ ရောက်လေရာအသင်းတိုင်းမှာ  အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ Ancelotti ကို အစားထိုးဖို့ စီိစဉ်နေတာဖြစ်ပါတယ်။

Ancelotti ဟာ လောလောဆယ်မှာ အသင်းလက်မဲ့ဖြစ်နေပြီး လီဗာပူးလ်အသင်းက စတင်ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ချန်ပီယံလိဂ်သုံးကြိမ်ရရှိဖူးပြီး ရောက်လေရာအသင်းတွေမှာ သက်ဆိုင်ရာအမှတ်ပေးဖလားတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။

အဲ့လို စွမ်းဆောင်ရည်တွေရှိတဲ့နည်းပြကို လီဗာပူးလ်အသင်းက အောင်မြင်မှုတွေကို ပြန်လည်ရှာဖွေပေးဖို့ အလိုရှိနေတာဖြစ်ပြီး ယခုထက်ထိတော့ တရားဝင်ထုတ်ပြန်တာမျိုးတော့ မပြုလုပ်ထားသေးပါဘူး။

ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်လာတာနဲ့အမျှ နည်းပြတွေအတွက် ထိုင်ခုံပိုလှုပ်လာတာလည်းဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ယခုနှစ် ပရီးမီးယားလိဂ်မှာ အစောဆုံး ပဲ့ကိုင်ရှင်ပြောင်းလဲမယ့်အသင်းဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

(Paing A K)

#သစ်ထူးလွင်(အားကစား)

No comments:

Post a Comment