iCon
zawgyi သို့ မဟုတ် unicode
Thursday, September 24, 2015
လူဦးခေါင်းခွံများနှင့် ဆေး ဖေါ်နေသည့် အောက်လမ်းဆရာများ
23 September 2015
ထိုင်းနိုင်ငံ ဦဒေါင်ဌာနီအရပ်တွင် မတော်တဆ ဖြစ်ရပ် များကြောင့်သေဆုံးသွားသူများ( အစိမ်းသေ) မြုပ်နှံထားသည့် အုပ်ဂူများအား တူး၍ သေဆုံးသူ ဦးခေါင်းများ ဖြတ်ယူသွားသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာ ရဲအရာရှိများ က ပြစ်မှုကျူးလွန်သူများအား လိုက်လံရှာဖွေဖမ်းဆီးခဲ့ရကြောင်း သိရသည်။
စက်တင်ဘာလ ၁၅ ရက်နေက နမ့်စုံကျေးရွာ မှ ဇွဲကြိုးချသေဆုံးခဲ့သည့် လူငယ်တဦး၏ အလောင်းအား ဦးခေါင်းဖြတ် ခိုးယူသွားသူ အမျိုးသမီး တဦးအားစတင်ဖမ်းမိခဲ့ပြီးနောက် မှာ သူမနှင့်အတူပူးပေါင်းကြံစည်ကြ သူ အောက်လမ်းဆရာနှစ်ဦး အနက် အာထစ် ခွန်ကလရင် "ဆရာအောင် " (ထွက်ပြေးနေဆဲ) နှင့် ဆရာနလုံ ဆိုသူအား သူ ပုန်းခိုနေသည့် နေအိမ်တွင် ဖမ်းမိခဲ့သည်။
တရားခံများက အစိမ်းသေသူ၏ ဦးခေါင်းအား ဆေးရေစိမ်၍ အရိုးအား အဆောင်အဖြစ် စီရင်ကာ ဘတ်ငွေ တသိန်း(ကျပ်သိန်း ၃၀) ဖြင့် ရောင်း စားေ နခြင်းဖြစ်သည်။
အဆိုပါအောက်လမ်းနည်းပညာမှာ သေဆုံးဝိညာဉ် က အဆောင်မှာ စောင့်ကြပ်နေရပြီး ကိုင်ဆောင်ထားသူ၏ ခိုင်းစေမှုများအား လုပ်ဆောင်ပေးရမည် ဟု အောက်လမ်း ပညာရှင်များက ယုံကြည်နေကြသည်။
ကိုးကား Bigza online news
(အောက်လမ်း နည်းပညာဆိုသည်မှာ သာမန်မဟုတ်သည့် မကောင်းဆိုဝါး နည်းလမ်းများဖြင့် တပါးသူ ထိခိုက်ပျက်စီးရအောင် ဆေးဝါး-အဆောင်များဖြင့် စီရင်လုပ်ဆောင်ပေး နေသူများဖြစ်ပါသည်၊ )
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment