iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, September 20, 2015

Android Products အသစ်တွေကို မိတ်ဆက်ပေးတော့မဲ့ Google

လာမဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ မိတ်ဆက်ပြသမဲ့ Google ဟာ Android Products အသစ်များနဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Android M အကြောင်းကို မိတ်ဆက်ပြသမှာဖြစ်ပါတယ်။ Android Products အသစ်တွေထဲမှာ LG နဲ့ Huawei တို့က ထုတ်တဲ့ Smart Phone နှစ်မျိုးကို အဓိက ထားပြီး မိတ်ဆက်ပေးသွားဖြစ်ပါတယ်။Android ရဲ့ မိတ်ဆက်ပွဲကို လာရောက်ပါက အရသာ အသစ်အဆန်းများနဲ့ ထုတ်လုပ်ထားတဲ့ “marshmallow” အိစိအိစိ လေးများဖြင့် တည်ခင်းဧည့်ခံသွားပါ့မယ်ဆိုပြီးလည်း Android ချစ်သူတို့ကို  စာဖွဲ့ကာ ဖိတ်ကြားခဲ့ပါသေးတယ်။ ဆိုလိုရင်းကတော့ နောက်ဆုံးထွက်ရှိထားတဲ့ Android M ” Marshamallow” ရဲ့ Feature အသစ်ကို မိတ်ဆက်ပြသသွားမှာဖြစ်ပါတယ်။
Google ရဲ့ Android Products မိတ်ဆက်ပွဲမှာ မိတ်ဆက်ပြသမဲ့ အဓိက Android Product အသစ်နှစ်မျိုးကို LG ကုမ္ပဏီမှ ထုတ်လုပ်သည့်  LG Nexus 5X နဲ့ Huawei ကုမ္ပဏီမှ ထုတ်လုပ်သည့် Nexus 6P ဆိုပြီး အမည်ပေးထားပါတယ်။ ပွဲကို ရောက်လာသူတွေဟာ Nexus 5X နဲ့ Nexus 6P တို့ ရဲ့ Feature များ၊ စွမ်းဆောင်ရည်များကို တွေ့မြင်ရမှာဖြစ်ပါတယ်။  ဒါ့အပြင် Google Chromecast ကိုလည်း မိတ်ဆက်ပြသသွားမှာဖြစ်ပါတယ်။ Google Chromecast ကို update version နဲ့ ထုတ်လုပ်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
Chromecast ရဲ့ Update version ဟာ တီဗီမှာ  တပ်ဆင်လိုက်ရုံနဲ့  အလွယ်တကူ ကြည့်ရှု အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ ဒ့ါအပြင် Chromecast ကို အသုံးပြုကာ အွန်လိုင်းမှတိုက်ရိုက်ပြသနေတဲ့ ဗီဒီယို Channel များ ၊ သတင်း Channel များကို ဖမ်းယူ ကြည့်ရှုနိုင်သည့်အပြင် နောက်ပိုင်းမှာ NETFLIX ကဲ့သို့ ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်အောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။
Ref : techinsider
Aung Ko Htet (MMA)

No comments:

Post a Comment