iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, September 20, 2015

ကမာရွတ်မြို့နယ် ကမာရွတ်တံတားအဆင်း ကားသုံးစီးတိုက်မှုဖြစ်


 ရန်ကုန် စက်တင်ဘာ ၁၉

 ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ကမာရွတ် ခုံးကျော် တံတား အဆင်း ပြည်လမ်းမပေါ်တွင် ကားသုံးစီး တိုက်မှုတစ်ခု စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ရာ school bus အမည်ရှိကား၏ အရှေ့ဘယ်ဘက်တွင် လိုက်ပါလာသူ အမျိုးသမီးတစ်ဦး၏ ခြေထောက်မှာ ကားအရှေ့ဘက် တိုက်မိထားသော တံခါးဖြင့် ညပ်နေ၍ ခရီးသွားပြည်သူများ၏ ဝိုင်းဝန်းကူညီမှုဖြင့် ဆွဲထုတ်ကာ ဆေးရုံသို့ပို့ဆောင် ပေးခဲ့သည်။

တိုက်မိသော ကားပေါ်ပါသူများ ထိခိုက်မှုမရှိကြောင်းနှင့် school bus နှင့် ဆလွန်းကား တို့မှာ ခုံးတံတားပေါ်မှဆင်းလာပြီး ဘယ်ဘက်သို့အကွေ့ မင်္ဂလာဒုံဘက်မှ မြို့တွင်းဘက်သို့မောင်းနှင်လာသော ကုန်တင်ကားက ခုံးတံတားအနီးအရောက် ညာဘက်သို့အကွေ့တွင်တိုက်မိကြပြီးschool bus အနောက်မှကပ်လိုက်လာသော ဆလွန်ကားမှ ထပ်မံတိုက်မိခဲ့ကြောင်း ဆလွန်ကားပေါ်တွင်ပါလာသူက ပြောသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment