iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, September 21, 2015

မိမိဘယ် Appပေါ်မှာ အချိန်များများပိုကုန်နေသလဲဆိုတာကို iOS9 က ပြသ

iOS 9 မှာ ဘက်ထရီဆိုတာလေးကို ဝင်ကြည့်ပါ။ အရင်ကနဲ့ မတူတော့ပဲ ထူးခြားချက်လေး တွေ့ရပါလိမ့်မယ်။ ယင်းကတော့ မိမိဟာ ၂၄ နာရီအတွင်း ဘယ် App တွေကို အသုံးအများဆုံးဖြစ်သလဲနဲ့ လွန်ခဲ့တဲ့ ၃ ရက်က ဘယ် ဟာတွေကို အသုံးအများဆုံးဖြစ်သလဲ ဆိုတဲ့ အချက်အလက်တွေကို ပြန်ထုတ်ပေး ပါတယ်။
ဒီတော့ ကျွန်တော့်ဟာ ပေါ်နေသလိုပဲ iOS 9 သုံးတဲ့ မိတ်ဆွေများမှာလည်း Facebook, Messenger, Viber များက ထိပ်မှာ ပေါ်ကောင်း ပေါ်နေပါလိမ့်မယ်။ သူ့ကို ရာခိုင်နှုန်းနဲ့ ဘက်ထရီ အသုံးပြုမှုကို တိတိကျကျ ပြသရုံမက ဘယ်နှစ်နာရီ အသုံးပြုသလဲဆိုတာကိုပါ ဖော်ပြထားပါတယ်။ ဒီတော့ မိမိ အနေနဲ့ တစ်ရက်ကို ဘယ်နှစ်နာရီလောက်အသုံးပြုသလဲဆိုတာ တိတိကျကျ ပေါ်နေပါလိမ့်မယ်။ အဲ့ဒီမှာ အချို့တွေ သိပ်နားမလည်နိုင်မယ့် On Screen နဲ့ Background ဆိုတာ ရှိပါလိမ့မယ်။ On Screen ကနေ Screen ပေါ်မှာ အသုံးပြုနေမှုကို ပြောတာပါ။ Background ဆိုတာကတော့ ဖွင့်ပြီးတော့ အခြား App ကို ပြောင်းသုံးလိုက်တဲ့အခါ သို့မဟုတ် ခဏနားလို့ home button နှိပ် လိုက်တဲ့အခါ background မှာ သူ့ဘာသူ Run နေတာကို ဆိုလိုတာပါ။ ကျွန်တော် ဆိုရင် App အတော်များများကို ဖွင့်ပြီးတော့ မပိတ်တာကြောင့် background မှာ ဘယ်လောက်ကြာကြာ run တယ်ဆိုတာ ပေါ်ပါတယ်။ background မှာ run ခြင်းကလည်း battery ကုန်ပါတယ်။ (ဒါကြောင့်မို့ မသုံးတော့ရင် အပြီးပိတ်လိုက်တာ အကောင်းဆုံးပါ)
ဒီတော့ မိမိရဲ့ ဖုန်းကိုပဲ ဖြစ်ဖြစ် မိမိရဲ့ ချစ်သူ ရည်းစား ဖုန်းကိုပဲ ဖြစ်ဖြစ်၊ မိမိသားသမီးရဲ့ ဖုန်းကိုပဲ ဖြစ်ဖြစ် စစ်တဲ့အခါ ဘယ်အပေါ်မှာ အချိန် ခပ်များများ ကုန်တယ်ဆိုတာကို လွယ်တကူ လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (MMA)

No comments:

Post a Comment