iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, September 21, 2015

Malware တိုက်ခိုက်မှုကြောင့် Application အချို့ကို App Store ကနေဖယ်ရှားခဲ့တဲ့ Apple

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံမှာ လူသုံးအများဆုံး Social Application တစ်ခုဖြစ်တဲ့ WeChat ကို တိုက်ခိုက်ဖို့ Hacker တွေက ကြိုးစားခဲ့ပါတယ်။ Hacker တွေရဲ့ အဓိက ရည်ရွယ်ချက်က WeChat အသုံးပြုသူတို့ရဲ့ Username နဲ့ Password တွေကို ရယူချင်တဲ့အတွက် Application ထဲမှာ malware များထည့်ကာ တိုက်ခိုက်ကြခြင်းဖြစ်ပါတယ်။ ဒါကို သိတဲ့ Apple ဟာ WeChat Application ကို App Store ပေါ်ကို တင်ခွင့်မပြုခဲ့ပါဘူး။  တရုတ်နိုင်ငံမှာ WeChat အသုံးပြုသူပေါင်း သန်း ၅၀၀ ကျော်ရှိတဲ့ အတွက်ကြောင့် Hacker တို့အနေနဲ့ တိုက်ခိုက်ရန် ပစ်မှတ်ထားခြင်းဖြစ်ပါတယ်။
အဆိုပါ malware တွေဟာ စက်တင်ဘာလမှာ ထုတ်ပေးခဲ့တဲ့   wechat  version 6.2.5 မှာ ပါဝင်လာတာဖြစ်ပါတယ်။ ဒါကြောင့် App Store ပေါ်တင်လိုက်တဲ့အခါမှာတော့ malware များတွေ့ရှိနေတဲ့အတွက်ကြောင့် WeChat Application ကို ချက်ချင်းပဲ ဖျက်ချခဲ့ပါတယ်။ ဒါကြောင့် WeChat အနေနဲ့ 12 ရက်နေ့မှာ Version အသစ် 6.2.6 ကို ချက်ချင်းပဲ ထပ်တင်ပေးခဲ့ပါတယ်။ ဒါကြောင့် WeChat ဟာ Hacker တို့တိုက်ခိုက်နေတဲ့ malware ရန်ကနေ ကာကွယ်နိုင်ခဲ့ပါတယ်။
တကယ်တော့ ဒီဖြစ်စဉ်ဟာ iOS application တွေကို ဖန်တီးတဲ့  XCode Software ကြောင့်ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့ XCode ထဲမှာ Maleware တွေပါဝင်နေတဲ့အတွက်ကြောင့် Application ဖန်တီးတဲ့ Developer တွေအနေနဲ့ Malware code တွေကို သတိမပြုပဲ application ဖန်တီးကြလို့ဖြစ်ပါတယ်။ ဒါကြောင့် App Store ပေါ်က malware ပါဝင်နေတဲ့ application တွေကို Apple အနေနဲ့ အမြန်ဆုံး ဖယ်ရှားနေရခြင်းဖြစ်ပါတယ်။
Ref : Mashable
Aung Ko Htet (MMA)

No comments:

Post a Comment