iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, September 10, 2015

Apple ၏ ၂၀၁၅ ထုတ်ကုန်အသစ်အများ

Apple Watch
Apple Watch အတွက် App တစ်သောင်းကျော်ရှိသွားပြီဖြစ်ပါတယ်။ Facebook Messenger, GoPro အစရှိတဲ့ App များရတော့မှာဖြစ်ပါတယ်။ watch model အသစ်နဲ့ band အမျိုးအစားအသစ်တွေကိုလဲပြသသွားခဲ့ပါတယ်။ Apple Watch OS 2 ကို September 16 ရက်နေ့မှာ update လုပ်နိုင်မှာဖြစ်ပါတယ်။
iPad Pro
ဒီနေ့ပွဲမှာ အကောင်းဆုံး ထုတ်ကုန်လို့ပြောလို့ရပါတယ်။ iPad Model အသစ်ဖြစ်တဲ့ iPad Pro ကိုပြသသွားပါတယ်။ 12.9 လက်မအရွယ်အစားရှိပါတယ်။ Resolution ကလဲ 2732 x 2048 ဖြစ်ပြီး စုစုပေါင်း pixel အရေအတွက် 5.6 သန်းရှိမှာဖြစ်ပါတယ်။ 15 လက်မ Retina Macbook Pro ထက် resolution ပိုကောင်းပါတယ်။ A9X Processor ကိုအသုံးပြုထားပြီး 80% pc တွေထက်ပိုမြန်ပါတယ်။ iMovie အသုံးပြုပြီး 4K Video streaming ၃ ခုကိုတစ်ပြိုင်နက်ထဲ ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ battery life က ၁၀ နာရီခံမှာဖြစ်ပါတယ်။ speaker လေးခုပါဝင်ပြီး အသံဘယ်ညာကို ကိုင်ထားတဲ့ ပုံစံပေါ်မူတည်ပြီး ခွဲပေးမှာဖြစ်ပါတယ်။ 6.9mm ထူပါတယ်။ အရင် iPad Air ထက်အနည်းငယ်ထူသွားပါတယ်။ smart keyboard နဲ့တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပြီး Macbook မှာလို Dome switch နဲ့ ချိတ်ဆက်တာဖြစ်တဲ့အတွက် bluetooth လိုမျိုး battery အကုန်ခံသုံးစရာလိုတော့မှာမဟုတ်ပါဘူး။ screen နေရာအတိအကျ ကိုထိရမဲ့ ပုံဆွဲတဲ့ application လိုမျိုးတွေအတွက် apple pencil ကိုမိတ်ဆက်လိုက်ပါတယ်။ Force, tilt အစရှိတာတွေကို အာရုံခံနိုင်မှာပါ။ ပုံဆွဲရမှာ ဖိဆွဲရင် ဖိသလို အရောင်ထင်ထာမျိုး ရေဆေးချယ်တာမျိုးလုပ်တဲ့နေရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ Microsoft Office, Adobe အစရှိတဲ့ ကုမ္ပဏီတွေရဲ့ Application တွေကို iPad Pro အတွက်သီးသန့်ပြုလုပ်ပေးထားပါတယ်။ ဆေးဖက်ဆိုင်ရာ App ကိုလဲပြသခဲ့ပါတယ်။ 8MP iSight camera ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ 32GB $799, 128GB $949 နဲ့ 128GB(cellular) $1079 ပါ။ Apple Pencil က $99 ကျသင့်မှာဖြစ်ပြီး Smart Keyboard က $169 ပါ။
Apple TV
Apple TV set top box နဲ့ touch remote ပါဝင်တဲ့ Apple TV အသစ်ကိုမိတ်ဆက်ခဲ့ပါတယ်။ siri မှာလဲ Apple TV အတွက်သီးသန့် ခိုင်းစေချက်တွေပါဝင်လာပါတယ်။ tvOS ကိုအသုံးပြုထားပြီး developer တွေအတွက် app ဖန်တီးရတာ လွယ်ကူမယ်လို့ဆိုပါတယ်။ Crossy Road ဂိမ်းကို အစမ်းကစားပြခဲ့ပါတယ်။(နောက်ပိုင်း console game လိုမျိုးပါ support ပေးလာနိုင်ပါတယ်)။ 32GB $149 နဲ့ 64GB for $199 ဖြစ်ပါတယ်။
iPhone 6S, iPhone 6S Plus
iPhone 6 နဲ့ design ဆင်တူပါတယ်။ Rose Gold အရောင်အသစ် ထပ်တိုးလာပြီး silver, gold, space grey, rose gold ဆိုပြီး လေးမျိုးရွေးချယ်နိုင်မှာဖ်ြစပါတယ်။ 3D Touch ပါဝင်လာတဲ့အတွက်ကြောင့် peek, pop ဆိုတဲ့ gestures အသစ် နှစ်မျိုးကိုအသုံးပြုနိုင်မှာပါ။ tactile feedback အတွက် taptic engine hardware အသစ်ပါဝင်လာပါတယ်။ 19 processor ကိုအသုံးပြုထားပြီး A8 ထက် 70% ပိုမြန်ပါတယ်။ 12MP iSight Camera နဲ့ front camera 5MP ရှိတဲ့ Facetime HD Camera ပါဝင်မှာဖြစ်ပါတယ်။ 4K Video တွေကို ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။ Move to iOS App အသုံးပြုပြီး Android အသုံးပြုသူတွေအနေနဲ့ iPhone ကိုအလွယ်အကူပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။


Apple ကုမ္ပဏီက အကြီးဆုံး iPad Pro tablet ကွန်ပျူတာကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြသ မိတ်ဆက်လိုက်ပါတယ်။

အဆင့်မြင့်နည်းပညာ အသုံးပြုထားပြီး Smart Keyboard နဲ့ Apple ခဲတန်တို့ တွဲဘက်ထားတဲ့ ကွန်ပျူတာဟာ စီးပွားရေးကို အသုံးချမယ့်သူတွေအတွက် ရည်ရွယ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

Apple ကုမ္ပဏီရဲ့ iPad အသစ်ကို ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် Tim Cook က San Francisco မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံပြီးတော့ မိတ်ဆက်ပေးခဲ့တာပါ။ ဒါဟာ iPad ပေါ်ထွက်ပြီးခဲ့တဲ့နောက်ပိုင်း iPad နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ သတင်းပဲ ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။

လာမယ့် နိုဝင်ဘာလမှာ စတင်ဈေးကွက်တင်မှာ ဖြစ်ပြီးတော့ ဖွင့်ဈေးကတော့ ၇၉၉ ဒေါ်လာ ဖြစ်တယ်၊ CPU က ပြီးခဲ့တဲ့ နှစ်ကထုတ်ခဲ့တဲ့ ကိုယ်တိုင်သုံး သယ်ဆောင်သွားနိုင်တဲ့ ကွန်ပျူတာတွေထက် ၈၀% ပိုမြန်မယ်လို့ Apple ဒုတိယဥက္ကဌ Phil Schiller က ပြောပါတယ်။

iPad Pro ရဲ့ Battery ဟာ အားသွင်းထားပြီးရင် ၁၀ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ မျက်နှာပြင်က ၁၂.၉ လက်မ ရှိပါတယ်။



Myat Min Soe (MMAS)
















No comments:

Post a Comment