iCon
zawgyi သို့ မဟုတ် unicode
Wednesday, September 9, 2015
တရုတ်က မောင်းသူမဲ့ဘတ်စ်ကား ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့
ပေကျင်း ၊ ၈-၉-၂၀၁၅
တရုတ်နိုင်ငံမှ ဘတ်စ်ကား ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုသည် ၄င်းတို့ ကုမ္ပဏီက ထုတ်လုပ်သော မောင်းသူမဲ့ ဘတ်စ်ကားအား နိုင်ငံအလယ်ပိုင်း ဟေနန်ပြည်နယ် ရှိ လူစည်ကားရာ မြို့တွင်းလမ်း တစ်နေရာတွင် အောင်မြင်စွာ စမ်းသပ် မောင်းနှင်မှု ပြုလုပ်နိုင် ခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။
ယုတောင်း ကုမ္ပဏီထုတ် ၁ဝ ဒသမ ၅ မီတာအရှည်ရှိ စနစ်နှစ်မျိုးသုံး အဆိုပါ မောင်းသူမဲ့ ဘတ်စ်ကားအား ကျန့်ကျိုးမြို့ နှင့် ကေဖန်းမြို့ တို့သို့ ဆက်သွယ် ထားသော လမ်းမပေါ်တွင် စမ်းသပ်ခဲ့ခြင်း ဖြစ်ကာ ၃၂ ဒသမ ၆ ကီလိုမီတာ ခရီးပေါက် ခဲ့ကြောင်း သိရသည်။
အဆိုပါစမ်းသပ်မှု အတွင်း မောင်းသူမဲ့ ဘတ်စ်ကားသည် လမ်းတစ်လျှောက်ရှိ မီးပွိုင့် ၂၆ ခုအား မှန်ကန်စွာ ဖြတ်ကျော်ခဲ့ပြီး လမ်းကြောင်း ပြောင်းလဲခြင်းနှင့် အခြားကားအား ကျော်တက်ခြင်း တို့ကို အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ကြောင်း ယင်းကုမ္ပဏီက ပြောကြား ထားသည်။ ယင်း မောင်းသူမဲ့ ဘတ်စ်ကားတွင် ကင်မရာနှစ်လုံး၊ လေဆာရေဒါ လေးခုနှင့် လမ်းညွှန်မြေပုံ စနစ်တစ်ခုတို့ကို တပ်ဆင်ထားပြီး အလိုအလျောက် မောင်းနှင်စနစ် နှင့် ယာဉ်မောင်းသူမှ မောင်းနှင်သည့် စနစ် နှစ်မျိုးစလုံး အသုံးပြု နိုင်ကြောင်း သိရသည်။
ယုတောင်းကုမ္ပဏီ သည် အဆိုပါ မောင်းသူမဲ့ ဘတ်စ်ကားအား ၂ဝ၁၂ ခုနှစ်မှ စတင်၍ စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
PyiChitThar
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)

No comments:
Post a Comment