iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, September 7, 2015

ကမ္ဘာ့အားအသွင်းအမြန်ဆုံး စမတ်ဖုန်းများက Asus နှင့် Samsung ထုတ်များ ဖြစ်

ကမ္ဘာ့ အားအသွင်း အမြန်ဆုံးက ဘယ်စမတ်ဖုန်း ဖြစ်မယ်ဆိုတာကို brand တစ်ခုချင်းစီရဲ့ အကောင်းဆုံး စမတ်ဖုန်းများကို ယှဉ်လို့ ဝဘ်ဆိုဒ်တစ်ခုမှ စမ်းသပ်ပြသခဲ့ ပါတယ်။ ယင်းစမ်းသပ်ပြသမှုအရ ကမ္ဘာ့ အားအသွင်းအမြန်ဆုံး စမတ်ဖုန်း စာရင်းထဲမှာ Asus နဲ့ Samsung တို့ရဲ့ နောက်ဆုံးပေါ်ဖုန်းများက ရပ်တည်ပါတယ်။
ငါးမိနစ်အတွင်း အားသွင်းရင် ဘယ်လောက်ဝင်မလဲ ဆိုတာကို စမ်းသပ်တဲ့အခါ Asus Zenfone 2 ဟာ ၁၇ ရာခိုင်နှုန်း ပြည့်ပြီး Samsung Galaxy S6 ကတော့ ၁၁ ရာခိုင်နှုန်း ပြည့်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း ပြည့်အောင် သွင်းတဲ့ အခါမှာ ကျတော့ Samsung Galaxy S6 ဟာ ၁ နာရီနဲ့ ၂၂ မိနစ်သာ ကြာပြီး အမြန်ဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင် ပါတယ်။ Zenfone 2 ကတော့ Google Nexus 6 နဲ့အတူတူ ၁ နာရီ ၄၉ မိနစ်မှာ သွားရပ်တည် ပါတယ်။ ဝမ်းနည်းစရာပဲ iPhone 6 က ငါးမိနစ်အတွင်းမှာ ၆ ရာခိုင်နှုန်းပဲ ပြည့်သလို ၁၀၀ ရာခိုင်နှုန်းပြည့်အောင် သွင်းတဲ့အခါ ၂ နာရီနဲ့ ၃၅ မိနစ် တိတိ ကြာမြင့် ပါတယ်။
Screen Shot 2015-09-07 at 5.47.25 PM
စုစုပေါင်း စမတ်ဖုန်း ၇ လုံး ပါဝင်ပြီး One Plus 2 ဟာလည်း အားသွင်းမြန်တဲ့ စမတ်ဖုန်း အဖြစ် ရပ်တည် ပြန်ပါတယ်။ ယင်း ၇ လုံးဟာ ဈေးကွက်ထဲမှာ အားအသွင်း အမြန်ဆုံးများ အဖြစ် သတ်မှတ်ထားပြီး iPhone 6 က အောက်ဆုံးမှာ ရှိနေပါတယ်။ ဒါကြောင့်မို့ အားမြန်မြန်သွင်းပြီး မြန်မြန်သုံးရတာကို ကြိုက်နှစ်သက်ရန် Zenfone 2 သို့မဟုတ် Samsung Galaxy S6 ကို ရွေးဖို့ ဝဘ်ဆိုဒ်မှ အကြံပေးထားပြီး သူတို့ brand က စမတ်ဖုန်းများကိုလည်း overall အရ အားသွင်းမြန်တယ်လို့ အသိမှတ်ပြုပေးထား ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment