ဗြိတိန်အခြေဆိုက် ကိန်းဘရိတ်ခ်ျတက္ကသိုလ်မှ ပညာရှင်များဟာ လူ့အကြောင်းကို မှန်ကန်အောင် ဟောပေးနိုင်တဲ့ App တစ်မျိုးကို တီထွင်ခဲ့ပါတယ်။ ယင်းကို Apply Magic Sauce လို့ အမည်ပေးထားပြီး လူတိုင်း အခမဲ့ သုံးနိုင်ပါတယ်။ Link ကတော့http://applymagicsauce.com/test.html ဖြစ်ပါတယ်။
ယင်း App မှာ မိမိရဲ့ Facebook account နဲ့ log in ဝင်လိုက်ပြီ ဆိုရင် မိမိရဲ့ စိတ်ခံစားချက်နဲ့ အကျင့်စရိုက်များ၊ ဥာဏ်ရည်ဥာဏ်သွေးများကို ဝေဖန် ခွဲခြား ပေးသွားပါလိမ့်မယ်။ နိုင်ငံတကာမှ ရေးသားဖော်ပြချက်အရတော့ သူဟာ မိမိရဲ့ မိခင်၊ ဖခင်နဲ့ စိတ်ပညာရှင်၊ ဗေဒင်ဆရာတို့ ခန့်မှန်းတာထက်တောင် ပိုမှန်အောင် ပေးနိုင်ကြောင်း ရေးသား ဖော်ပြနေကြပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့ရဲ့ ဥာဏ်ရည်ကို ၇၀ ရာခိုင်နှုန်းသော လူတွေထပ် ပိုကောင်းတယ်လို့ ပြောကတည်းက မယုံတော့ဘူး။ ကျွန်တော်နည်းတာ မဟုတ်ပေမယ့် အလုပ်မရနိုင်ပဲ ဂိမ်းပဲဆော့နေတဲ့ ကျွန်တော့ ညီလေးကျတော့ တက္ကသိုလ်ကျောင်းသားလေးကျတော့ ၉၀ ရာခိုင်နှုန်းသော လူတွေထပ် တော်တယ်တဲ့ဗျ။ အဟီး။ ရှက်တာပေါ့ဗျာ။ ဒါပေမယ့် အချက်အလက် အတော်များများက မှန်ပါတယ်။
မိမိဟာ သီးသန့်ဆန်ဆန် နေတတ်သူလား၊ လွတ်လပ်မှုကို ကြိုက်တတ်သူများ၊ ဘယ်ဘာသာကိုးကွယ်မှုကို နှစ်သက်သူလည်း၊ ယောက်ျားစစ်စစ်လား၊ မိန်းမစိတ် ဝင်နေလား၊ မှုခင်းကျူးလွန်တတ်သူ ဖြစ်လား အစရှိသဖြင့် စုံနေအောင် report ထုတ်ပေးပါတယ်။ ယင်း App ဟာ စီးစွားရေး လုပ်ငန်းရှင် များ အနေနဲ့ ၎င်းတို့ရဲ့ target customer တွေကို သိအောင် reserach ပြုလုပ်ရန် သုံးနိုင်သလို ရဲတွေအတွက်လည်း မှုခင်းထောက်လှမ်းရေး၊ ပြစ်မှု လေ့လာစောင့်ကြည့်ရေးများအတွက် အသုံးပြုနိုင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ယင်း App ဟာ Facebook ကနေ Data များကို API တစ်ခုကနေ ထုတ်ပြီး JASON format ဖြင့်လည်း ရယူနိုင်ပါတယ်။ မိမိဘာ မိမိ စိတ်ကြိုက် visualize လုပ်ချင်သူများအတွက် ဖြစ်ပါတယ်။
အောင်ခမ်း (MMA)
No comments:
Post a Comment