iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, September 21, 2015

ရွှေထည်အတုများနှင့်အတူ မသင်္ကာဖွယ်လူငါးဦးအား မကွေးမြို့တွင်ဖမ်းဆီး

ဓါတ်ပုံ - ရဲဇာနည်

 မကွေး စက်တင်ဘာ ၂ဝ

 မကွေးမြို့ မြသလွန်ဘုရားရင်ပြင်ရှိ ဧည့်သည် တည်းခိုဆောင်တွင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက ရွှေထည်အတုများဖြင့် လိမ်လည်သူများ အား ဖမ်းဆီးခဲ့ကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက်ည ၁၂ နာရီခွဲခန့်က မကွေးမြို့ မြသလွန်ဘုရားရင်ပြင် ''မြမဉ္ဇူ'' ဧည့်သည်တည်းခိုဆောင်တွင် ရွှေထည် အတုများဖြင့် လိမ်လည်သူများရောက်ရှိနေကြောင်း သတင်းအရ မကွေးခရိုင် မှုခင်းအကူရဲအုပ် သက်အောင်စိုးနှင့်အဖွဲ့၊ မကွေးမြို့မရဲစခန်းမှူး ရဲအုပ်ဇော်နိုင်ဝင်း၊ ရဲမေရဲတပ်သားအိမွန်ခိုင်၊ ရဲတပ်သားလှဝတ်ရည်သောင်းအဖွဲ့က ရွှေပန်းထိမ် ကျွမ်းကျင်သူ ဦးခင်မောင်သန်းတို့နှင့်အတူ ''မြမဉ္ဇူ'' တည်းခိုဆောင်အား ဝင်ရောက်ရှာဖွေခဲ့ရာတွင် ဒေါ်အေးချမ်း(၅၁)နှစ် ဒဂုံမြို့နယ်၊ မစန္ဒာ(၃၉)နှစ် (ဈေးရောင်း)မြောက်ဥက္ကလာပမြို့နယ်၊ မသော် သော်ဟန်(၂၈)နှစ် သာကေတမြို့နယ်၊ နေဝင်းထွဋ် (၃ဝ)နှစ် သာကေတမြို့နယ်နှင့် ကျော်ကျော်လင်း (၃၄)နှစ်(ယာဉ်မောင်း)ရွှေပေါက္ကံမြို့နယ် ရန်ကုန် တိုင်းဒေသကြီးနေသူ ငါးဦးတို့ထံမှ သက်သေခံ ပစ္စည်းများဖြစ်သည့် ရွှေရည်စိမ်လက်ကောက်၊ ဆွဲကြိုး၊ ဟန်းချိန်း၊ လက်စွပ်၊ နားကပ်များပါဝင် သောပစ္စည်း ၁၃ မျိုး၊ အနယ်နယ်အရပ်ရပ်ရှိ ရွှေဆိုင်များမှ ရွှေရောင်း၊ ဝယ်၊ ပေါင်ဘောက်ချာ စာရွက်စာတမ်းမျိုးစုံ၊ ၁၅ ပဲ၊ ၁၆ ပဲရွှေရည် အာမခံ စာတန်းပါ ရော်ဘာတံဆိပ်တုံး နှစ်ခု၊ ကမ္ဘောဇဘဏ် ငွေစုစာအုပ် တစ်အုပ်၊ ဟန်းဆက် ခုနစ်လုံး၊ ငွေကျပ် ၁၈၆၃၄ဝဝ တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

အဆိုပါပစ္စည်းများအား ဒေါ်အေးချမ်းပါ ငါးဦး တို့က ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိခဲ့သောကြောင့် ရဲအုပ်သက်အောင်စိုးက ရှာဖွေပုံစံဖြင့် ပြုလုပ် သိမ်းဆည်းခဲ့သည်။ ဒေါ်အေးချမ်းပါ ငါးဦးအား မကွေးမြို့နယ်၊ မြို့မရဲစခန်းက (ပ) ၃၆၈/၂ဝ၁၅ ပုဒ်မ-၃၈ဝ/၅၄ဖြင့်အမှုဖွင့်ထားကြောင်း သိရ သည်။

ကျော်ဇေယျ(မကွေး)

The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment