iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, September 21, 2015

မြောက်ဦးတွင် တောရပ်ဆောက်တည်နေသော ဆရာတော် တစ်ပါး ဓားဒဏ်ရာဖြင့် သေဆုံး


 ရန်ကုန်၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ် မြောက်ဦး မြို့တွင် တောရပ် ဆောက်တည် နေသော ဆရာတော် တစ်ပါး လည်ပင်းတွင် ပြတ်ချ ဓားဒဏ်ရာဖြင့် သေဆုံး နေသည်ကို တွေ့ရှိ ခဲ့ရသည်ဟု သတင်း ရရှိသည်။

သေဆုံးနေသည့် ဆရာတော်မှာ မြောက်ဦးမြို့၊ ဝသဲရပ်ကွက်ရှိ တက္ကသီလ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးခန္ဓီစာရဖြစ်ကြောင်း မြောက်ဦး ရဲစခန်းမှူးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ လည်ပင်းမှာ ဓါးဒဏ်ရာနဲ့ သေနေတာကို တွေ့ရပါတယ်။ ဘေးနားမှာ လက်ကိုင်ဖုန်း တစ်လုံး၊ ဓါးတစ်ချောင်း ကို တွေ့ရပါတယ်။ ဆေးရုံက ဆေးစစ်ချက်ကိုတော့ တောင်းထားပါတယ်။ အတိအကျတော့ ပြောဖို့ ခက်ပါတယ်။ စုံစမ်းနေဆဲပါ” ဟု စခန်းမှူးက ပြောဆိုသည်။

ဆရာတော်မှာ တောရပ်ဆောက်တည်နေသော ရဟန်းတစ်ပါး ဖြစ်ပြီး ရန်ငြိုးရန်စလည်း မရှိကြောင်း အစ်ကို ဖြစ်သူက ပြောဆိုကြောင်း စခန်းမှူးက ဆက်လက် ပြောဆိုသည်။

" အစ်ကို ဖြစ်သူ ပြောပြတာက ဆရာတော်က ပုံမှန်ဆွမ်းခံနေကျပါ။ စက်တင်ဘာလ ၂၀ ရက်နေ့က ဆွမ်းခံမကြွလာလို့ အစ်ကို ဖြစ်သူက သွားကြည့်တော့ ဘုန်းကြီးကျောင်းမှာ သွေးအိုင်ထဲ လဲပြီး သေနေတာကို တွေ့တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ သွားရောက် စစ်ဆေးတော့ လည်ပင်းမှာ ဓားဒဏ်ရာနဲ့ ပျံလွန်တော်မူနေတာကိုတွေ့ရတယ်" ဟု စခန်းမှူးက ပြောဆိုသည်။

ယခုသေဆုံးမှုနှင့် ပတ်သက်ပြီး အမြန်ဆုံး စုံစမ်း စစ်ဆေး ဖော်ထုတ်ရန် ဒေသခံများက လိုလားနေသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment