iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, September 9, 2015

ချစ်ကြည်ရေးခြေစမ်းပွဲတွင် ဘရာဇီးအသင်း ဂိုးပြတ်အနိုင်ရခဲ့



မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အမေရိကန် အသင်းနဲ့ ဘရာဇီးလ် အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ ဘရာဇီးအသင်းက အမေရိကန်မြေမှာ လေးဂိုး တစ်ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

အိမ်ရှင်အမေရိကန်အသင်းမှာ Guzan , Williams , Bradley , Altidore  စတဲ့ အဓိက ကစားသမား အများစုနဲ့ လူစုံခဲ့ပါတယ်။ ဧည့်သည် ဘရာဇီးကလည်း David Luiz , Marcelo , Willian , Hulk , Douglas Costa စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်မှူး Hulk က ပွဲအစ ကိုးမိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ Willian နဲ့ Douglas Costa တို့ရဲ့ တွဲလုံးတွေက အမေရိကန်နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ ဘရာဇီးရဲ့ အဓိကတိုက်စစ်မှူး Neymar ၀င်ရောက်လာခဲ့ပြီး တိုက်စစ်ကစားပုံ တိုးတက်လာခဲ့ပါတယ်။ ပွဲချိန် ၅၁ မိနစ်အရောက်မှာတော့ Neymar က ပင်နယ်တီကတစ်ဆင့် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ၆၄ မိနစ် အရောက်မှာတော့ Rafinha က တတိယ အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ဆက်တိုက်ဆိုသလိုပဲ Neymar က စတုတ္ထဂိုးကို သွင်းယူခဲ့ပါတယ်။အမေရိကန်အတွက် နှစ်သိမ့်ဂိုးကိုတော့ Williams က နာကျင်အချိန်ပိုမှာ သွင်းယူခဲ့ပါတယ်။

ဒီလိုရလဒ်တွေကြောင့် ဘရာဇီးအသင်းဟာ ၂၀၁၆ ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုတွေရယူ နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ အခြားပွဲစဉ်မှာတော့  တောင်အမေရိကထိပ်သီးဖြစ်တဲ့ ကိုလံဘီယာက အိမ်ကွင်းမှာ ပီရူးအသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

( Paing AK )

#သစ်ထူးလွင်(အားကစား)

No comments:

Post a Comment