iCon
zawgyi သို့ မဟုတ် unicode
Wednesday, September 9, 2015
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ရန်ခက်ခဲသွားပြီလို့ ကွင်းလယ်လူ Hazard ဆို
ချယ်လ်ဆီး အသင်းရဲ့ ကွင်းလယ် ကစားသမား Eden Hazard က ယခုနှစ် ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းတိုင်းက မိမိတို့ အသင်းကို ခြိမ်းခြောက်နိုင်စွမ်းရှိနေသလို ခံစားမိပါတယ်လို့ ပြောသွားခဲ့ပါတယ်။
ပဲ့ကိုင်ရှင်ကြီး Mourinho ရဲ့ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးပြီိးနောက်ပိုင်းမှာ ပုံမှန်ခြေစွမ်းပြန်ရဖို့ကို အတော်လေး ရုန်းကန်နေရပါတယ်။
ခြင်္သေ့ပြာတွေဟာ ဆိုးရွားတဲ့ ရာသီအစ ရလဒ်ကို ရင်ဆိုင်နေရပြီး လေးပွဲကစား လေးမှတ်သာရပြီး နှစ်ပွဲအထိ ရှုံးနိမ့်ထားပါတယ်။
ဘယ်လ်ဂျီယံစတား Hazard ကတော့ "ကျွန်တော်တို့ အသင်းကို အသင်းတိုင်းက အနိုင်ကစားချင်နေကြပါတယ် ဒုက္ခပေးချင်နေပါတယ်လို့ " ညည်းတွားခဲ့ပါတယ်။
ဒါ့အပြင် Hazard က "ကျွန်တော်တို့ ချန်ပီယံရွှေတံဆိပ်ကို ၀တ်ဆင်ခွင့်ရခဲ့တာကတော့ ထူးခြားတဲ့ အရသာပါပဲ။ မနှစ်ကတော့ အံ့သြစရာကောင်းတဲ့ ရာသီကို ဖြတ်ကျော်ခဲ့ရပါတယ်။ မနှစ်ကလို ရလဒ်တွေကို ကျွန်တော်တို့ ထပ်မံဖန်တီးနိုင်ရင်တော့ အံ့သြစရာကောင်းတဲ့ ရာသီတစ်ခု ဖြစ်လာဦးမယ်လို့ " ပြောသွားခဲ့ပါတယ်။
Hazard ပြောခဲ့သလိုပဲ ခြင်္သေ့ပြာတွေက အံ့သြစရာကောင်းတဲ့ ရာသီတစ်ခုကို ဖန်တီးပြဦးမလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
( Paing AK )
#သစ်ထူးလွင်(အားကစား)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment