iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, September 5, 2015

လင်မယား စကားများရာမှ လူသတ်မှုဖြစ်


      မြစ်သားမြို့နယ်တွင် လင်မယား စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲရုံးထံမှ သိရသည်။ ယခုလ(၄)ရက် နံနက်ပိုင်းအချိန်တွင် မြစ်သားမြို့နယ် ဘုံကွင်းကျေးရွာနေ .........  (၃၂)နှစ်သည် အရက်မူးပြီး ဇနီးဖြစ်သူ .........   (၃၂)နှစ်နှင့် စကားများ ရန်ဖြစ်ရာမှ .........  ကဓားဖြင့် လိုက်ခုတ်ရာ တစ်ဝိုင်းတည်းနေ အစ်ကို ဖြစ်သူ ......... ၏ နေအိမ်ပေါ်သို့ တက်ပြေးခဲ့သည်။......... က ရန်မဖြစ်ရန် တားမြစ်သဖြင့် .........  က .........  အား ဓားနှင့်ခုတ်စဉ် စားပွဲခုံအား တိုက်မိလဲရာမှ .........  ကဓားအား လုယူ၍ ပြန်လည် ခုတ်သဖြင့် .........  မှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

      အဆိုပါ အမှုနှင့်ပတ်သက်၍ ၀င်းနိုင်အား ရဲကင်းစခန်း(ရွာခိုင်ကြီး)မှ (ပ) ၁၅၁/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

The Messenger Media
http://messengernewsjournal.com

No comments:

Post a Comment