![]() |
ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ |
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးဘူတာယာဒ်ဝန်းအတွင်း အမျိုးသားတစ်ဦး ရထားကြိတ်ခံရကြောင်း သတင်းအရ ရထားရဲတပ်ဖွဲ့၊ အမှတ်(၁၁)တပ်ခွဲနှင့် ပဲခူးရထားရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ မီးရထားဝင်းနေ စိုးနိုင်(၃၂)နှစ်သည် အမှတ်(၁၀)ရထားသံလမ်းပေါ်တွင်ထိုင်နေစဉ် အမှတ်(၉၄၁)အဆန် မလွှကုန်း-မြစ်ကြီးနား ကုန်ရထားမှ ရှန်တိန်ပြုလုပ်စဉ် ရထားဖြင့်ကြိတ်မိ၍ ဒဏ်ရာများရရှိသေဆုံးသွားသဖြင့် ပဲခူးရထားရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၅)ဖြင့် အမှုရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
No comments:
Post a Comment