iCon
![[IMG]](https://78.media.tumblr.com/d5a502bfc2544b1b0c3f1625ef10c913/tumblr_mv4zqcNwFj1s1va72o1_400.gif)
zawgyi သို့ မဟုတ် unicode
Saturday, September 5, 2015
ရှေ့ဘီးပြုတ်ပြီး ယာဉ်တိမ်းမှောက်၍ ယာဉ်ပေါ် လိုက် ပါသူ နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
နေပြည်တော် စက်တင်ဘာ ၎
ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်ကားလမ်း ဆီဆိုင် နှင့် ဟိုပန်ရွာကြားတွင် စက်တင်ဘာ ၂ ရက်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ မွန်းလွဲ ၁ နာရီ က ဆီဆိုင်မှ ဟိုပန်ရွာသို့ ဆီဆိုင် မြို့နယ် ဟိုပန်ကျေးရွာနေ မောင်သိန်း (၂၃)နှစ် မောင်းနှင်လာသည့် ၃ဂ/--- မစ်ဆူဘီရှီယာဉ်သည် ဝဲဘက် ရှေ့ဘီးပြုတ်ထွက်၍ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ဟိုပန်ရွာနေ မနန်းဖျင်း(၂၅)နှစ်နှင့် ဒေါ်နန်းချော (၅၅)နှစ်တို့တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး တစ်ရွာတည်းနေ ဦးယွန်း(၅၂)နှစ်ပါ သုံးဦးနှင့် ယာဉ်မောင်း မောင်သိန်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မောင်သိန်းအား ဆီဆိုင်မြို့မရဲစခန်း က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment