iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, September 19, 2015

တရုတ်ပြည်မှာ အိုင်ဖုန်းအသစ်ကိုင်ချင်လို့ ကျောက်ကပ်ရောင်းသတဲ့

လက်တလောလေးတင်ဖြစ်သွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ယင်းကတော့ လက်ရှိ အသစ်ထွက်ရန် ကြေညာထားတဲ့ iPhone 6S ကို ကိုင်ချင်လို့ တရုတ်ပြည်က အမျိုးသား နှစ်ဦးဟာ ကျောက်ကပ်ရောင်းရန် ကြိုးစားခြင်း ဖြစ်ပါတယ်။
ယင်း အမျိုသား ၂ ဦးဟာ မိတ်ဆွေများ ဖြစ်ပြီး အိုင်ဖုန်း အသစ်ကို ကိုင်ချင်ကြ ပါတယ်။ သူတို့မှာ ပိုက်ဆံလည်း မရှိတာကြောင့် စဉ်းစားရ အကြံခက်ခဲ ပါတယ်။ သူတို့ရဲ့ အခြားသူငယ်ချင်း တစ်ဦးက ဒါနဲ့ပဲ အကြံတစ်ခုပေးပါတယ်။ ယင်းက သူတို့ရဲ့ ကျောက်ကပ် တစ်ခြမ်းကို ဖြတ်ရောင်းရန် ဖြစ်ပါတယ်။ ယင်း အကြံကို လက်ခံသွားပြီး အင်တာနက်ကနေပဲ ကျောက်ကပ်ဝယ်မယ့်ပွဲစားကို ရှာပါတယ်။ ယင်း ပွဲစားဟာ နန်ကျင်းမြို့က ဆေးရုံမှာ ဆေးသွားစစ်ဖို့ ပြောပါတယ်။ ကျောက်ကပ်တစ်ခြမ်းရောင်းမယ့် အမျိုးသား ၂ ဦးထဲမှာ Wu လို့ အမည်ရတဲ့ အမျိုးသားဟာ ယင်း လုပ်ရပ်ဟာ မှားယွင်းကြောင်း သတိရလာပြီး ကျောက်ကပ် ဆေးစစ်မယ့် မနက်မှာပဲ မှောင်ခိုကျောက်ကပ်ဝယ်သူကို ရဲသို့ တင်ကြား ပါတယ်။ ဒါနဲ့ ရဲများလည်း ဆေးစစ်တဲ့ ဆေးရုံကို ဆေးသွားစစ်တဲ့ သူကို သွားရှာတဲ့အခါ မတွေ့တော့ ပါဘူး။ သူ့အနေနဲ့ အခြားတစ်နေရာကို ထွက်ပြေးသွားခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်ကို ရောင်းဖြစ်မရောင်းဖြစ်လည်း မသိရ ပါဘူး။
တရုတ်ပြည်မှာ ကျောက်ကပ်တစ်ခြမ်းဟာ တရားမဝင်တဲ့ နာမည်ကြီး ဈေးကွက် တစ်ခု ဖြစ်ပါတယ်။ iPhone 6S ကိုတင်မက iPhone အသစ်ထွက်တိုင်း တရုတ်ပြည်မှာ အရူးအမူးလိုချင်သူ မြောက်များစွာ ဖြစ်ပြီး ယင်းနဲ့ ပက်သက်လို့ နှစ်စဉ် သတင်းထူးများလည်း ထွက်ရှိ တတ်ပါတယ်။
.
Ref: independent.uk
အောင်ခမ်း (MMA)

No comments:

Post a Comment