iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, September 19, 2015

စတိဗ်ဂျော့ကို အသည်းနှလုံးမရှိသူလို့ ထက်ပြလိုက်တဲ့ ရုပ်ရှင်

Job အမည်ရ ရုပ်ရှင်ထွက်ရှိခဲ့ဖူးသလို ယခုလည်း မကြာမီ ရုံတင်တော့မယ့် Steve Job ရုပ်ရှင်တစ်ကား ရှိပါတယ်။ ယင်း ရုပ်ရှင်ဇာတ်ကား နှစ်ကား စလုံးရဲ့ ဖော်ပြမှုများဟာ စတိဗ်ဂျော့ဟာ အသည်းမရှိ၊ ရက်စက်သူ အဖြစ် ပြသထားမှုကို မြင်ရပါလိမ့်မယ်။
သမီး လီဆာကို သမီးမဟုတ်ကြောင်း ထပ်ခါထပ်ခါငြင်းပြီး ရှောင်ဖယ်ခဲ့မှုက တစ်မှု၊ နောက်တစ်မှုက ငယ်ပေါင်း ဘော်ဒါရင်း Wozniak တီထွင်တဲ့ ကွန်ပြူတာကို ၇၀၀၀ နဲ့ ရောင်းပြီး ၅၀၀ ပဲရတယ်လို့ လိမ်လည် ညှပ်ချခဲ့မှု ဖြစ်ပါတယ်။ Wozniak ဟာ သူ့ရဲ့ ငယ်ပေါင်း သူငယ်ချင်း ဖြစ်ပြီး Apple ကုမ္ဗဏီရဲ့ နောက်ကွယ်မှာ အဓိက run ပေးတဲ့ သူတစ်ဦး အဖြစ်လည်း ပါဝင်ခဲ့ ပါတယ်။ နောက်တစ်ခုကတော့ ဘီလ်ဂိတ်နဲ့ စတိဗ်ဂျော့ရဲ့ ဆန့်ကျင်ဘက် အယူအဆ ဖြစ်ပါတယ်။ ငွေဆိုတာကို မမက်မောတာချင်း တူပေမယ့် ဘီလ်ဂိတ်ဟာ သူ့ငွေကို လှူဒါန်းမှုထဲမှာ အများဆုံး အသုံးပြုပေမယ့် စတိဗ်ဂျော့ကတော့ အလှူအဒန်း လုပ်တယ်ဆိုတာ အချိန်အလဟသ ကုန်ဆုံးစေခြင်း တစ်ခုဖြစ်ကြောင်း comment ပေးခဲ့ဖူး ပါတယ်။ အစရှိသဖြင့် စတိဗ်ဂျော့ရဲ့ ရက်စက်မှုများကို အသားပေး ဖော်ပြမှုများကို ရုပ်ရှင်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီတော့ ယင်း ရုပ်ရှင်ဇာတ်ကားများဟာ Steve Job ကို ဂုဏ်တက်စေဖို့လား ပိုပြီးတော့ ကြောက်စရာ Monster တစ်ကောင်ဖြစ်စေဖို့လားဆိုတာ မသဲကွဲသလို ဖြစ်လာ ပါတယ်။
.

Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment