ကမ္ဘာတစ်လွှားက Appl Store နဲ့ Apple နဲ့ ချိတ်ဆက် အခြားသော Vender များရဲ့ Store တွေမှာ iPhone 6S နဲ့ 6S Plus ကို တန်းစီးတိုးဝေ့လို့ ဝယ်ယူခဲ့ကြ ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကမှ စတင်ရောင်းချခြင်း ဖြစ်ပြီး သော်ငြား အချို့ဟာ တစ်ပတ်၊ နှစ်ပတ် မတိုင်ခင်ကတည်းက အတန်းစီ နေရာဦးထားကြ ပါတယ်။
ယင်း ယဉ်ကျေးမှု ဖြစ်လာခြင်းက ရောင်းချပြီး ရက်ပိုင်းအတွင်း ပစ္စည်း ကုန်တာကြောင့် ဖြစ်ပါတယ်။ ပစ္စည်း မကုန်ရင်တောင် မိမိလိုချင်တဲ့ အရောင်နဲ့ အမျိုးအစားကို မရမှာစိုးလို့ ဖြစ်ပါတယ်။ စင်္ကာပူမှာဆိုရင် စတင်ရောင်းချတဲ့ နေ့မှာပဲ iPhone 6S Plus 64 GB ဗားရှင်း Rose Gold အရောင် ကို မရတော့တဲ့အထိ ဖြစ်ကြောင်း ကြားသိရ ပါတယ်။ iPhone 6S Plus Rose Gold က ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး iPhone 6S Rose Gold က ဒုတိယ လိုက်ပါတယ်။ ကမ္ဘာတစ်လွှား စတိုးတွေမှာ ပေါ်ပြူတာ ဖြစ်မှု အနည်းဆုံးကတော့ ငွေရောင် အိုင်ဖုန်းများ ဖြစ်ပါတယ်။ ယင်းထဲမှာမှ 16GB က ပေါ်ပြူလာဖြစ်မှု အနည်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် လည်း အချို့ဟာ စတိုးမှာ အတန်းစီပြီး မိမိလိုချင်တာ မရတော့လည်း ရတဲ့ အရောင်နဲ့ ဗားရှင်းများကို ရွေးချယ်သွားကြ ပါတယ်။
ယင်းကဲ့သို့ ဖြစ်မှာစိုးလို့ စတိုးဆိုင်မှာ တစ်ပတ်၊ ၁၀ ရက်မက ကြိုတင် ထိုင်ခုံနဲ့ အိပ်ရာခင်းလို့ စောင့်ဆိုင်းကြ ပါတယ်။ ပစ္စည်းကုန်လို့ pre order ပြန်တင်ရင် အနည်းဆုံး တစ်ပတ်ကြာလို့ ဖြစ်ပါတယ်။ အချို့က ဒါကို မစောင့်နိုင် ပါဘူး။ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာဆိုရင် လူအစားထိုးပြီးတော့ စက်ရုပ်ကို အတန်းစီ စောင့်ဆိုင်းစေတာမျိုးလည်း ပြုလုပ်ခဲ့ကြ ပါတယ်။ စက်ရုပ်ကို အိမ်ကနေ ထိန်းချုပ်ပြီး အိုင်ဖုန်းကို ချိတ်ပေးလိုက်တဲ့အခါ ကားပေါ်ကို ပြန်တင်ပေးရတဲ့ စက်ရုပ် ဖြစ်ပါတယ်။ စက်ရုပ် အိုင်ဖုန်းရတာနဲ့ ပိုင်ရှင်ဟာ သူ့သူငယ်ချင်းကို ကားနဲ့ သယ်လာပေးဖို့ အကူညီ တောင်းခဲ့ ပါတယ်။
အိုင်ဖုန်းကို ဂျပန်မှာ မိုးရွာတုန်း မိုးရေထဲမှာ စောင့်ဆိုင်းဝယ်ယူသူ ၅၀ ကျော် ရှိခဲ့ ပါတယ်။ တရုတ်ပြည်က မြို့ကြီး အချို့တွေမှာလည်း တန်းစီစောင်ဆိုင်းသူများ ရာဂဏန်း ရှိခဲ့ ပါတယ်။ ဒါကြောင့်မို့ ယခု iPhone 6S နဲ့ 6S Plus ဟာ ဆိုရင်လည်း Apple အတွက် အရင်နှစ်တွေအတိုင်း အောင်မြင်တဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)
.
Ref: dailymail
အောင်ခမ်း (MMA)
No comments:
Post a Comment