iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, September 28, 2015

မိတ်ဆက်ရန် နီးစပ်နေပြီ ဖြစ်တဲ့ Samsung Galaxy S7

Samsung Galaxy S7 ကို Samsung အနေနဲ့ Project code name အဖြစ် Project Lucky လို့ အမည်ပေးထားကြောင်း ရေးသား ဖော်ပြနေကြ ပါတယ်။ ယင်းထဲမှာတောင်မှ မော်ဒယ် နှစ်မျိုး ထွက်ရှိမှာ ဖြစ်ပြီး Hero 1 နဲ့ Hero 2 လို့ ဆိုပါတယ်။
၅.၂ လက်မနဲ့ ၅.၇ လက်မ ဗားရှင်း ဖြစ်ပြီး ၅.၂ လက်မက သာမန်ထွက်နေကျ ပုံစံဖြစ်ပေမယ့် ၅.၇ လက်မဟာ ဘေးအနား ကွေးညွန့်ထားတဲ့ ပုံစံမျိုးလည်း ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။ ကင်မရာဟာ 16 Megapixel, 5 Megapixel မှာပဲ ရှိမယ်လို့လည်း ယူဆကြသလို အချို့ဟာလည်း SamMobile အနေနဲ့ 20 Megapixel ISOCELL sensor နဲ့ စမ်းသပ်နေကြောင်း ဆိုပါတယ်။ Processor အားဖြင့် Snapdragon 820 processor နဲ့ Exynos 8890 processor ကို မတူညီတဲ့ ယင်း မော်ဒယ် နှစ်မျိုးမှာ အသုံးပြုမှာ ဖြစ်ကြောင်း ဆိုပါတယ်။
Internal storage ကို 32GB နဲ့ 64GB တို့မှာ ကန့်သတ်ထားပြီး micro SD ကဒ် ထည့်လို့ရမှာ ဖြစ်ပါတယ်။ Android M OS ကို အသုံးပြုမယ့် မိတ်ဆက်မှာ ဖြစ်ပါတယ်။ Sony Xperia Z5 Premium ကို ယှဉ်ပြိုင်ဖို့အတွက် Display ကိုလည်း 4K Display အသုံးပြုထားဖွယ်ရှိကြောင်း ဆိုပါတယ်။ ယခုနှစ်အတွင်း သို့မဟုတ် စပိန်နိုင်ငံ၊ ဘာစီလိုနာမှာ ဖေဖော်ဝါရီလ အတွင်း ပြုလုပ်တဲ့ Mobile World Congress 2016 မှာ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)

No comments:

Post a Comment