iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, September 7, 2015

iPhone အကြောင်းထွက်ပေါ်လာတဲ့ ကောလဟာလသတင်းများ မမှန်ကန်

Apple အနေနဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ မိတ်ဆက်ပြသပွဲတွင်  iPhone အပြင် အခြား ပစ္စည်းအသစ်များကိုပါမိတ်ဆက်ကြေငြာသွားမှာဖြစ်ပါတယ်။ ကောလဟာလသတင်းတွေအရ Apple ရဲ့ ပွဲမှာ iPhone နဲ့ Apple Watch တို့ကို ထုတ်လုပ်မယ်လို့ သိထားကြတဲ့ Apple ချစ်သူတို့အတွက် အခုအခါမှာတော့ iPhone နဲ့ Apple Watch တို့အပြင် အခြား Apple ပစ္စည်းတွေကိုပါ ထုတ်လုပ်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားထွက်ပေါ်လာတဲ့ ကောလဟာလ သတင်းတွေအရ အသစ်ထွက်ရှိလာမဲ့ iPhone 6S နဲ့ iPhone 6S Plus တို့ဟာ iPhone 6 နဲ့ iPhone 6 Plus တို့ရဲ့ စွမ်းဆောင်ရည်နဲ့ ဘာမှ ကွာခြားမှု မရှိခဲ့ဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ တကယ် ထွက်ရှိလာမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့မှာတော့ Processor ကိုပိုမြန်အောင် အပြောင်းလဲ ပြုလုပ်လာခဲ့ပါတယ်။
ဒါ့အပြင် RAM ကိုလည်း တိုးမြှင့်ထားပါသေးတယ်။ အရင်က RAM 1 GB ကို အခုအခါ RAM 2 GB အဖြစ်သို့ပြောင်းလဲခဲ့ပါတယ်။ ကိုယ်ထည်ကိုလည်း Aluminum 7000 အမျိုးအစားကို အသုံးပြုထားပြီး မကြာသေးခင်က မှ မိတ်ဆက် ထုတ်လုပ်ထားတဲ့ Force Touch နည်းပညာကိုလည်း iPhone 6S နဲ့ iPhone 6S Plus တို့မှာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပါတယ်။ အရောင်ကိုလည်း အရင်ကထုတ်လုပ်ထားတဲ့ အရောင်တွေအပြင် အရောင်အသစ်အဖြစ် ပန်းရောင်သန်းနေတဲ့ ရွှေရောင် ကိုထပ်တိုးရောင်းချပေးသွားမှာဖြစ်ပါတယ်။ အပြင်မှာထွက်နေတဲ့ ပန်းရောင်ဆိုတဲ့ ကောလဟာလက ဝမ်းနည်းစွာနဲ့ပဲ လွဲချော်သွားခဲ့ပါတယ်။ ကင်မရာကိုလည်း 4K resolution ရရှိအောင် ရိုက်ကူးနိုင်တဲ့ 12 MP ထိတိုးမြှင့်အသုံးပြုထားပါတယ်။
Storage ပမာဏကလည်း အရင်ကထွက်ပေါ်လာတဲ့ ကောလဟာသတင်းများအရ 16 GB က စတင်ထုတ်လုပ်မယ်ဆိုတာ မဟုတ်သလို 32 GB နဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ ဘာကြောင့် 32 GB က စပြီးထုတ်လဲဆိုရင် 4K resolution ရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးဖို့အတွက် ဖြစ်ပါတယ်။ OS အနေနဲ့ iOS 9 ကို အသုံးပြုသွားမှာဖြစ်တဲ့အပြင် iPhone 4S နဲ့ iPad 2 နောက်ပိုင်း ထုတ်လုပ်ထားတဲ့ ပစ္စည်းများသာ iOS 9 ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Apple မိတ်ဆက်ပွဲမှာ iPhone အပြင် Apple TV နှင့် ဆက်စပ်ပစ္စည်းများ ၊ Application နှင့် Game များ ၊ Siri နှင့် Gestures တို့ရဲ့ စွမ်းဆောင်ရည်များ ၊ Apple Watch အသစ် နဲ့  Apple Sport Bands စတဲ့ ပစ္စည်းတွေကိုလည်း မိတ်ဆက် ပေးသွားမှာဖြစ်ပါတယ်။
Ref : Mashable
Aung Ko Htet (MMA)

No comments:

Post a Comment