iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, September 22, 2015

ဂျူဗင်တပ်စ်တိုက်စစ်မှူး Mario Mandzukic ပေါင်ဒဏ်ရာကြောင့် သုံးပတ်ခန့် အနားယူရဖွယ်ရှိ



ဂျူဗင်တပ်တိုက်စစ်မှူး  Mario Mandzukic ဟာ ပြီးခဲ့တဲ့ အပတ်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျီနိုအာအသင်းကို
နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ပေါင်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

စမ်းသပ်စစ်ဆေးချက်တွေအရတော့ Mario Mandzukic ဟာ ပေါင်ကြွက်သားစုတ်ပြဲဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ရက် ၂၀ လောက် အနားယူရမယ်လို့ သိရပါတယ်။

သူဟာ ဖရိုစီနန့် ၊ နာပိုလီ ၊ ဘိုလော့ဂ်နာ အသင်းတို့နဲ့ ကစားမယ့် စီးရီးအေပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပြီး ဆီဗီလာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။

သူဟာ ကလပ်အသင်းအတွက်သာမက နိုင်ငံအသင်းမှာလည်း အားထားရတဲ့ ကစားသမားဖြစ်တာကြောင့် သူ့ရဲ့မိခင်နိုင်ငံ ခရိုအေးရှားအတွက် ဘူဂေးရီးယားနဲ့ မော်လ်တာအသင်းတို့နဲ့ ကစားမယ့် ယူရိုခြေစစ်ပွဲစဉ်တွေကိုလည်းလွဲချော်အုံးမယ်လို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းနည်းပြ  Massimiliano Allegri ကတော့ တိုက်စစ်အတွက် ခေါင်းခဲနေရပြီး အခြားတိုက်စစ်မှူးဖြစ်တဲ့ Morata ကလည်း ဝမ်းဗိုက်ကြွက်သားဒဏ်ရာကြောင့် ကစားနိုင်ဖွယ်ရှိ ၊ မရှိ  မသေချာသေးဘူးလို့  သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)

No comments:

Post a Comment