iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, September 22, 2015

လီဗာပူးလ်ကွင်းလယ်လူ Philippe Coutinho ကို ဘာစီလိုနာတွင်လာရောက်ကစားရန် Neymar ဖိတ်ခေါ်



ဘာစီလိုနာတိုက်စစ်မှူး Neymar က လီဗာပူးလ်ကွင်းလယ်လူ Philippe Coutinho ကို  သူတို့ရဲ့အသင်းမှာ လာကစားဖို့ ဖိတ်ခေါ်လိုက်တယ်လို့ သိရပါတယ်။

Neymar ဟာ သူ့ရဲ့ တစ်နိုင်ငံတည်းသား ဘရာဇီးအသင်းဖော်ဖြစ်တဲ့ Philippe Coutinho ဟာ ဘာစီလိုနာမှာ လာကစားဖို့အတွက် အရည်အချင်းတွေ လုံလောက်နေတဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

Neymar ဟာ Philippe Coutinho ကိုလည်း တိုက်စစ်မှူး Luiz Suarez လို အန်ဖီးကနေ နျူးကမ့်ကို ပြောင်းလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Neymar က " ကျွန်တော်တို့ ဘရာဇီးကစားသမားတွေဟာ ဘာစီလိုနာမှာ ကစားနိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ ကစားသမားတွေပါ။ သူတို့ထဲက Philippe Coutinho ကတော့ အသင်းဟန်နဲ့ အကိုက်ညီဆုံးပေါ့လို့ " ပြောပါတယ်။

ဘာစီလိုနာရဲ့ တောင်အမေရိက နာမည်ကျော်တိုက်စစ် MSN ဟာ ပြီးခဲ့တဲ့ရာသီက ၁၂၂ ဂိုးအထိရယူခဲ့နိုင်ပါတယ်။ ဒါကြောင့် Neymar က တောင်အမေရိက ကွင်းလယ်လူတွေနဲ့ ထပ်မံပေါင်းစပ်လိုနေတယ်လို့ သတင်းဆေတွကခန့်မှန်းကြပါတယ်။

လက်ရှိ ဘာစီလိုနာအသင်းအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း Neymar က " ကျွန်တော်တို့ဟာ မနှစ်က အံ့သြဖွယ်ရာသီကောင်းကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဖလားအတော်များများကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အခုတော့ ချန်ပီယံဘွဲ့တွေကို ပြန်ကာကွယ်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။ ကျွန်တော်ကတော့ အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ကို ကူညီသွားမှာပါ။ အားလုံးကတော့ တစ်သားတည်းကျနေပါတယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်ကတော့ သဘာဝကျကျပဲဖြစ်ပါလိမ့်မယ် " လို့ပြောပါတယ်။

ဒါကြောင့် ဘာစီလိုနာဟာ တောင်အမေရိက ကစားသမားတွေ စုဝေးရာအသင်းဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။

(Paing A K)

#သစ်ထူးလွင်(အားကစား)

No comments:

Post a Comment