iCon
zawgyi သို့ မဟုတ် unicode
Sunday, October 18, 2015
တစ်နေ့တာအတွက် ငွေ ၅၀၀ ကျပ်တည်းနဲ့ အင်တာနက် 70MB ၊ ၁၀ မိနစ်ဖုန်းခေါ်ဆိုမှု ၊ လက်ကျန်ငွေ ၁၁၀ ကျပ် ရရှိမယ့် အူရီဒူး ရဲ့ ပရိုမိုးရှင်းများ
အူရီဒူး ( Ooredoo )ကုမ္မဏီဟာ သီတင်း ကျွတ် အစီအစဉ်အဖြစ် ဖုန်းငွေဖြည့်ရင် ၅၀ ရာခိုင်နှုန်း အပိုလက်ဆောင်ပေးတဲ့ အစီအစဉ်ကို ချမှတ်ခဲ့အပြီး မကြာခင်မှာပဲ အင်တာနက် အစီအစဉ် အသစ်တွေကို မိတ်ဆက်ခဲ့ပြန်ပါတယ်။ အဲဒီ အင်တာနက် အစီအစဉ်တွေထဲမှာတော့ ငွေ ၃၉၀ နဲ့တင် အင်တာနက် ပမာဏ 70MB ကို ၂၄ နာရီအတွင်း သုံးစွဲနိုင်တဲ့ အစီအစဉ်လည်းပါဝင်ပါတယ်။
သီတင်းကျွတ် ပရိုမိုးရှင်း အစီအစဉ်အရလည်း ဖုန်းငွေဖြည့်တဲ့ ဘေလ် ရဲ့ ၅၀ ရာခိုင်နှုန်းကို အပိုလက်ဆောင်ရဦးမှာပါ။ ဥပမာ အနေနဲ့ ၅၀၀ ကျပ် ဘေလ်ဖြည့်လိုက်ရင် ၂၅၀ ကျပ်ဘေလ် လက်ဆောင်ရတာမျိုးပါ။ ဒါဆိုရင် ဒီ ပရိုးမိုးရှင်း အစီအစဉ်အသစ်တွေကို တစ်နေ့တာ အတွက် အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။
တစ်နေ့စာအတွက်ဖုန်းဘေလ် ၅၀၀ ကျပ်ခန့် အူရီဒူး ဖုန်းထဲ ဖြည့်လိုက်ပါ။ အဲဒါဆိုရင် အပိုလက်ဆောင် ၅၀ ရာခိုင်နှုန်းပါ ရတဲ့အတွက် ဖုန်းဘေလ် ၇၅၀ ကျပ်ဖြစ်သွားပါလိမ့်မယ်။ အဲဒီအခါမှာ အင်တာနက် 70MB ကို နေ့စဉ်သုံးဖို့အတွက် ၃၉၀ ကျပ်နဲ့ ၀ယ်လိုက်ပါ။ အဲဒါဆို အင်တာနက် 70MB အသုံးပြုခွင့်ရတဲ့အပြင် ဖုန်းဘေလ်လည်း ၃၆၀ ကျပ်တိတိ ကျန်နေဦးမှာပါ။ ထို ၃၆၀ ကျပ်ထဲမှာလည်း ၂၅၀ ကျပ်ကိုပဲ ၂၄ နာရီအတွင်း သုံးဖို့လိုတာပါ။ ၁၁၀ ကျပ်ကတော့ ကျန်နေဦးမှာပါ။
၂၅၀ ကျပ် အခမဲ့ ဆိုတာဟာလည်း တစ်မိနစ် ကို ၂၅ ကျပ်နှုန်းနဲ့ ဖြစ်တဲ့အတွက် ၁၀ မိနစ် ခန့် ဖုန်းခေါ်ဆိုပြောနိုင်မှာပါ။ ဒါကြောင့် နေ့စဉ်သုံးဖို့အတွက် ငွေ ၅၀၀ နဲ့ တင် အင်တာနက် 70MB ၊ ဖုန်းခေါ်ဆိုမှု ၁၀ မိနစ် တို့ကို ရရှိတဲ့အပြင် ဖုန်းထဲမှာလည်း ၁၁၀ ကျပ် ပိုနေဦးမှာပါ။ အူရီဒူး ရဲ့ သီတင်းကျွတ် ပရိုးမိုးရှင်းနဲ့ အင်တာနက် အစီအစဉ်သစ်တွေက နေ့စဉ် သုံးစွဲသူတွေအတွက် အဆင်ပြေစေခဲ့ပါတယ်။
အခြားအော်ပရေတာ တွေမှာလည်း ဒီလို နေ့စဉ် အသုံးပြုနိုင်မယ့် စနစ်တွေ မရှိသေးပါဘူး။ အခြား အော်ပရေတာတစ်ခု ကတော့ သတ်မှတ်ချိန်အတွင်းမှာ ဖုန်းခေါ်ချိန်ကို သိသိသာသာ ဈေးသက်သာထားပေမယ့်လည်း အင်တာနက် နှုန်းထားအရတော့ 1MB ကို ၆ ကျပ်ဖြစ်နေတဲ့အတွက် 70MB သုံးမယ်ဆိုရင် ၄၂၀ ကျပ်ဖြစ်နေပါပြီ။ အခြားအော်ပရေတာ တစ်ခုဟာလည်း အင်တာနက် နှုန်းထားမှာတင် 1MB ကို ၆ ကျပ်ဖြစ်နေတဲ့အပြင် ဖုန်းခေါ်ဆိုခမှာလည်း တစ်မိနစ် ကို ၂၃ ကျပ်ပဲဖြစ်နေပါသေးတယ်။ အော်ပရေတာ တူညီတဲ့ ဖုန်းအချင်းချင်းသာ တစ်မိနစ်ကို ၁၈ ကျပ်နဲ့ ရတဲ့အတွက် အူရီဒူး ရဲ့ ပရိုမိုးရှင်း ၂ ခုကို ပူးပေါင်း အသုံးချတဲ့အခါမှာတော့ နေ့စဉ် အသုံးပြုဖို့ ပိုအဆင်ပြေတာကိုတွေ့ရပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment