iCon
zawgyi သို့ မဟုတ် unicode
Sunday, October 18, 2015
ကျွန်တော်ဟာ ဝိုင်တစ်ခွက်လိုပါပဲ လို့ပြောလိုက်တဲ့ Ibrahimovic
PSG အသင်းရဲ့ ဂိုးသွင်းစံချိန်ရှင် Ibrahimovic ဟာ သူဟာ အောင်မြင်မှုတွေကိုအမြဲတမ်း ဆာလောင်မွတ်သိပ်နေသူတစ်ယောက်ပါ။ ဒီဆွီဒင်သားဟာ အသက်အရွယ်အရ အကျပိုင်းကို ရောက်နေပေမယ့် သူ့ကိုယ်သူတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုပိုပြီး ခြေစွမ်းတွေ တိုးတက်လာတယ်လို့ ထင်မြင်နေတာပါ။
သူဟာ အောက်တိုဘာလ အစအတွင်းက မာဆေးအသင်းကို နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပဲရစ်မြေရဲ့ ဂိုးသွင်းအများဆုံး စံချိန်ကို တင်နိုင်ခဲ့သူပါ။ သူဟာ ၁၃၇ ပွဲ ကစားပြီး ဂိုး ၁၁၀ အထိသွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ အသက် ၃၄နှစ်ရှိပြီ ဖြစ်ပြီး ရာသီကုန်မှာ PSG အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ သူဟာ အခုထက်ထိ ခြေစွမ်းတွေ တိုးတက်နေဆဲဖြစ်တာကြောင့် PSG အသင်းကနေ ထွက်ခွာမယ်ဆိုရင်တောင် သူ့ကိုစောင့်ကြည်နေတဲ့ အသင်းတွေကလည်း အများအပြားရှိနေပါသေးတယ်။
" ကျွန်တော်ဟာ အသက်အရွယ်လည်း တဖြည်းဖြည်းကြီးရင့်လာပါပြီ။ ဒါပေမယ့် ကျွန်တော်က ဝိုင်အရက်လိုပဲ အသက်ကြီးလေလေ ပိုပြီးတိုးတက်လာလေ ဖြစ်နေပါတယ်။ ကျွန်တော်ဟာ ကိုယ့်ကိုကိုယ် အကျဘက်ကို ရောက်လာပြီလို့ မထင်မြင်သေးဘဲ အကျရဲ့ ဆန့်ကျင်ဘက်ကို ရောက်နေတာလို့ ထင်ပါတယ်။ ကျွန်တော်ဟာ စိတ်ပိုင်းဆိုင်ရာ အရလည်း ပိုရင့်ကျက်လာပြီး ကိုယ်ပြုလုပ်နိုင်ခဲ့တာတွေကို ကျေနပ်နေပါတယ်။
ကျွန်တော်ဟာ လိုချင်တဲ့ ပစ်မှတ်ကို ခိုင်ခိုင်မာမာ ဆက်သွားနေအုံးမှာပါ။ ကျွန်တော့်ကို ဘယ်အရာကမှ မရပ်တန့်နိုင်ပါဘူး။ ကျွန်တော်ဟာ ပစ်မှတ်တွေကို တစ်ခုပြီး တစ်ခု ဖြိုဖျက်သွားမှာပါ " လို့ သူ့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့ပါတယ်။
သူဟာ မကြာသေးခင် ရက်ပိုင်းကမှ ဆွီဒင်နိုင်ငံတော်သီချုင်းကို သီဆိုခဲ့ပြီး အစိုးရရဲ့ ဂုစ်ထူးဆောင်ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။
သူကတော့ PSG အသင်းရဲ့ ဂိုးသွင်းစံချိန်ကို ထပ်မံပြီး တင်နိုင်ဖို့အတွက် စနေနေ့မှာ ဘက်စတီယာအသင်းနဲ့ ကစားရအုံးမယ်လို့ သိရပါတယ်။
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment