iCon
zawgyi သို့ မဟုတ် unicode
Friday, October 16, 2015
ယခုရာသီ ဥရောပထိပ်တန်းလိဂ်တွေရဲ့ ဂိုးရဖို့အခွင့်အရေးဖန်တီးပေးနိုင်မှုမှာ အာဆင်နယ်နောက်ခံလူ Bellerin ဦးဆောင်နေ
ဂန်းနားတို့ရဲ့ နာမည်ကျော်ကွင်းလယ်လူတွေဖြစ်တဲ့ Mesut Ozil, Alexis Sanchez နဲ့ Santi Cazorla ကျော်ဖြတ်ပြီးတော့ ထိရောက်တဲ့ပေးပို့မှုတွေကို ပြုလုပ်နေတဲ့ မထင်မရှားကစားသမားလေး တစ်ယောက်ရှိပါတယ်။ ဒီလို အခွင့်အရေးတွေကို အများဆုံး ဖန်တီးပေးနေတာကတော့ နောက်ခံလူ Hector Bellerin ပါ။
ဒီသတင်းကတော့ အမှန်တကယ်ပါပဲ။ Opta အားကစားဝက်ဘ်ဆိုက်ကတော့ Bellerin ဟာ " ဒီကစားသမားဟာ ဂိုးနဲ့ အနီးကပ်အနေအထားတွေမှာ ဂိုးသွင်းယူနိုင်ရုံတင်မကပဲ ဂိုးတွေကိုလည်း လိုရင်လိုသလို ဖန်တီးပေးနိုင်တဲ့သူ " လို့ ညွှန်းဆိုထားပါတယ်။ သူဟာ နောက်ခံလူတစ်ဦး ဖြစ်ပေမယ့် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာလည်း လိုသလိုလိုက်ပါနိုင်ပြီး အခွင့်အရေးတွေကို ဖန်တီးပေးနေတာပါ။
သူဟာ လာမာစီယာအကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်ပြီး ဘောလုံးနည်းစနစ်တွေကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။
သူဟာ အသက်ရှစ်နှစ်အရွယ်မှာ လာမာစီယာအကယ်ဒမီကို စတင်ရောက်ရှိခဲ့ပြီး သက်တမ်းအလိုက်မှာ ထူးချွန်ခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ အသက် ၁၆ နှစ်အရွယ်မှာတော့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီစပိန်နိုင်ငံဖွား ကစားသမားဟာ ယခုဥရောပထိပ်တန်းလိဂ်တွေရဲ့ ဂိုးဖန်တီးမှုဇယားမှာ စတုဂတ်ကွင်းလယ်လူ Filip Kostic နဲ့ အန်ဂျာကွင်းလယ်ကစားသမား Thomas Mangani တို့နဲ့ ဂိုးရဖို့ ဖန်တီးထားတဲ့ အရေအတွက် တူညီနေပါတယ်။
သူတို့သုံးယောက်ပြီးရင်တော့ ဘာစီလိုနာက နာမည်ကျော် Lionel Messi, ရီးရဲလ်က Isco, ဒေါ့မွန်က Henrikh Mkhitaryan, အာဆင်နယ်အသင်း ကွင်းလယ်လူ Santi Cazorla နဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ Dimitri Payet တို့က အစဉ်လိုက်ရပ်တည်နေတယ်လို့ သိရပါတယ်။
(Paing A K)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment