iCon
zawgyi သို့ မဟုတ် unicode
Friday, October 16, 2015
ကစားသမားဘဝရဲ့ အဆိုးဆုံးအချိန်ကို ရောက်နေတယ်လို့ ပြောတဲ့ မန်စီးတီးတိုက်စစ်မှူး Bony
မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး Bony ဟာ သူ့ရဲ့ ကစားသမားဘဝမှာ အဆိုးဆုံးအချိန်ကို ရောက်နေပေမယ့် ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး Aguero ရဲ့ နေရာကို အစားထိုးနိုင်မယ်လို့ ပြောလိုက်တာပါ။ အာဂျင်တီးနားတိုက်စစ်မှူးAgueroဟာယခုရာသီပရီးမီးယားလိဂ်ရှစ်ပွဲမှာ ခြောက်ဂိုးအထိ
သွင်းယူပေးထားနိုင်ပြီး တံကောက်ကြောဒဏ်ရာကြောင့်တစ်လလောက် အနားယူရတော့မှာပါ။ ဒါကြောင့် အိုင်ဗရီကို့စ်နိုင်ငံသား တိုက်စစ်မှူး Bony က Aguero မရှိတဲ့အချိန်မှာ အကောင်းဆုံးခြေစွမ်းနဲ့ တိုက်စစ်ကို အားဖြည့်ပေးနိုင်မယ်လို့ ယုံကြည်နေတာပါ။
Bony ဟာ ဆွမ်ဆီးအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၁၉ပွဲမှာ ၂ဂိုးပဲသွင်းထားနိုင်ပြီး ရှစ်ပွဲမှာ ခြောက်ဂိုးသွင်းထားတဲ့ Aguero နဲ့ ယှဉ်ရင်တော့ အတော်လေးကို ကွာဟချက်ကြီးမားနေတာလည်း ဖြစ်ပါတယ်။ဒါကြောင့် တံကောက်ကြော ဒဏ်ရာရနေတဲ့ Aguero ရဲ့ နေရာမှာ Bony ကို ပြန်လည်အသုံးပြုမှာဖြစ်ပြီး လာမယ့်ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာပါဝင်လာမှာပါ။ ဒါကြောင့် ပွဲထွက်ခွင့်ပြန်ရတဲ့ အချိန်မှာ ဂိုးတွေပြန်သွင်းနိုင်ဖို့ Bony က တာဆူနေတာပါ။
စပါးအသင်းနဲ့ပွဲမှာ No.10 role မှာကစားခဲ့တဲ့ Yaya Toure ကလည်း ဒဏ်ရာပြဿနာတွေရှိနေပြီး အခြားအားထားရတဲ့ ကွင်းလယ်လူ Silva ကလည်း ဒဏ်ရာရရှိသွားတာကြောင့် လူစာရင်းအတွက် အပြောင်းအလဲတွေများနေရတာပါ။ ဒါေ့ကြာင့် လာမယ့်ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ De Bruyne ကို No.10 role နေရာကို ဝင်ကစားခိုင်းဖို့ရှိပြီး ကွင်းလယ်အထိုင်နေရာမှာတော့ နိုင်ငံတကာပွဲတွေကြောင့် ပွဲပန်းနေတဲ့ Fernandinho နဲ့ Fernando တို့ရဲ့ ဘရာဇီးအတွဲအဖက်ကို အထိုင်ချသွားမှာပါ။ တောင်ပံနေရာမှာတော့ De Bruyne က အလယ်ဝင်သွားလို့ Navas ကို ပွဲထုတ်ကစားမယ်လို့ သိရပါတယ်။
(Paing A K)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment