iCon
zawgyi သို့ မဟုတ် unicode
Sunday, October 11, 2015
ကန်ဒေါ်လာ ၁ဝ သန်းတန် မြန်မာနိုင်ငံထွက် ရှားပါးနီလာတစ်ပွင့် စင်ကာပူကျောက်မျက်ပြပွဲ၌ လူအများ၏စိတ်ဝင်စားမှုခံရ
မြန်မာနိုင်ငံမှထွက်ရှိသော Star of Genesis ဟု အမည်ပေးထားသည့် ၄၈ ဒသမ ၉၅ ကာရက်ရှိသော အမေရိကန်ဒေါ်လာ ၁ဝ သန်းတန် ရှားပါးနီလာတစ်ပွင့်ကို စင်ကာပူနိုင်ငံ ပတ်ခ်ရွိုင်ရယ်ဟိုတယ်၌ အောက်တိုဘာ ၁ဝ ရက်မှ ၁၈ ရက်ထိကျင်းပမည့် Jewels of the Orient ဟုအမည်ပေးထားသော ကျောက်မျက်ရတနာ ပြပွဲ၌ အများပြည်သူသို့ပြသထားကြောင်း CNA သတင်းတစ်ရပ်အရသိရသည်။
အလေးချိန် ၁၁ ကာရက်ရှိ သစ်တော်သီးပုံစံ စိန်ပွင့် ၅၂ ပွင့်ဝန်းရံထားသော အဆိုပါနီလာပွင့်မှာ သာမန် နေ့အလင်းရောင်အောက်တွင် အပြာရောင်ရှိပြီး ဖြာထွက်နေသောအလင်းရောင်အောက်ထားပါက ခရမ်းရောင်ပြောင်းသွားသည်ဟုဆိုသည်။ ''ဒီအရွယ်အစားမျိုး မပြုပြင်ရသေးတဲ့ အရည်အသွေးကောင်းကျောက်တစ်ပွင့်တွေ့ဖို့က အလွန်ကို ကြုံတောင့်ကြုံခဲဖြစ်ရပ်ပါ။ ဒါပေမယ့် အရောင်အပြောင်းအလဲဖြစ်တဲ့အပြင် ဒီအရွယ် အစားမျိုးမပြုပြင်ရသေးတဲ့ အရည်အသွေးကောင်းကျောက်တစ်ပွင့်တွေ့ဖို့က ပိုလို့တောင် ကြုံတောင့်ကြုံခဲဖြစ်ပါသေးတယ်''ဟု Genesis-Global Group မှ အမှုဆောင်ညွှန်ကြားရေးမှူး ဒင်းနစ်တန်က ပြောကြားသည်။
ရှားပါးကျောက်မျက်ရတနာများ ခင်းကျင်းပြသသည့် ယင်းပြပွဲမှာ ခန့်မှန်းတန်ဖိုးစုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၃ဝ တန်ဖိုးရှိ ကျောက်မျက်ရတနာ အဆင်တန်ဆာ ၁၅ဝ ခန့်ကို ခင်းကျင်းပြသသော ကိုးရက်ကြာပြပွဲတစ်ခုဖြစ်သည်။ အဆိုပါပြပွဲ၌ ဆန်းပြားသော အရောင်ရှိသည့်စိန်ပွင့်များမှ ရှားပါးစိန်ပွင့်များအထိ၊ မြန်မာနိုင်ငံထွက်ပတ္တမြားပွင့်များ၊ နီလာပွင့်များအပြင် ကိုလံဘီယာနိုင်ငံမှ ပြုပြင်ရခြင်းမရှိသေးသောမြ အစရှိသည့် ကျောက်မျက် ရတနာများ ခင်းကျင်းပြသထားသည်။
(သုတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment