iCon
zawgyi သို့ မဟုတ် unicode
Sunday, October 11, 2015
တောင်ကျချောင်းဖြတ်ကူးစဉ် ကားနှစ်စီးမျောပါ၍ တစ်ဦးသေ
နတ်မောက် အောက်တိုဘာ ၁ဝ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ တောင်ကျချောင်း ရေကျနေစဉ်ဖြတ်ကူးရာ မော်တော်ယာဉ်နှစ်စီး ရေစီးနောက်မျောပါကာ အမျိုးသမီးတစ်ဦးသေဆုံးမှု အောက်တိုဘာ ၈ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောင်မြေသာစံမြို့နယ် မင်းလဲသာ ရပ်ကွက်နေ ယာဉ်မောင်း မြင့်ထူး ( ၄၁ နှစ်)မောင်းနှင်လာသည့် 7H/----အဖြူ ရောင်ယာဉ်သည် ကြို့ပင်ကောက်- တောင်တွင်းကြီး-နတ်မောက်လမ်း အတိုင်း စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းရွာသို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၅၈/၁-၂)ကြားရှိ ကျွဲမင်းကျချောင်း ရေကျော်၌ ချောင်းရေကြီးကာ အန္တရာယ်ဖြစ်နိုင်ကြောင်း သိလျက်ဖြင့် ဖြတ်ကူးရာ မော်တော်ယာဉ်မှာ ရေစီးဖြင့် ပေ ၁ဝဝ ခန့် မျောပါကာ ယာဉ်ပေါ်ပါ ဒေါ်ယဉ်သိန်း (၄၆ နှစ်)မင်းကွန်းရွာနေသူမှာ ရေစီးအတိုင်း အတူမျောပါ သွားခဲ့သည်။
ထို့နောက် ဒေါ်ယဉ်သိန်းကို လိုက်လံရှာဖွေကြရာ အောက်တိုဘာ ၉ ရက် နံနက် ၁ဝ နာရီခွဲခန့်က နတ်မောက်မြို့နယ် ကြက်လျှာကျေးရွာအနီး ချောင်းထဲ၌ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
ထို့အပြင် ယင်းနေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင်လည်း အဆိုပါ နေရာ၌ပင် မကွေးမြို့ မေတ္တာ (၁၃)လမ်းနေသူ ယာဉ်မောင်း စိုးမြင့် ထွန်း(၃၈နှစ်)မောင်းနှင်လာသည့် ၄ဂ/------- အဖြူ/အစိမ်း နိုင်းဆဲဗင်း ခရီးသည်တင်ယာဉ်သည် မကွေး-နတ်မောက်-ပျော်ဘွယ်-ရန်ကုန် လမ်းအတိုင်း ခရီးသည်များ တင်ဆောင်မောင်းနှင်လာစဉ် ချောင်းရေ ကြီးပြီး အန္တရာယ်ဖြစ်နိုင်သည်ကို သိလျက်ဖြင့် ဖြတ်ကူးစဉ် ချောင်း အလယ်အရောက်၌ မော်တော်ယာဉ် စက်ရပ်သွားကာ ရေစီးဖြင့် ဘေးတိုက်မျောပါသွားခဲ့သဖြင့် မော်တ်ာယာဉ်ပေါ်တွင်ပါ ခရီးသည်များ ကို ဒေသခံပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့ကြခြင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
ဗိုလ်ပြည့် (တောင်တွင်းကြီး)
Myanmaalinn
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment