iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, October 14, 2015

သေဆုံးသွားပြီဖြစ်သည့် အိန္ဒိယအမျိုးသား ရင်ခွဲရုံအတွင်း ပြန်လည်နိုးထလာ

‘Dead’ Indian man wakes up minutes before post-mortem
မွမ်ဘိုင်း ၊ ၁၄-၁ဝ-၂ဝ၁၅

အသက် ၅ဝ အရွယ်ရှိ အိမ်ခြေယာမဲ့ အိန္ဒိယအမျိုးသား တစ်ဦးသည် သေလွန်ပြီးနောက် ရင်ခွဲရုံရှိ ခွဲစိတ်စင်ပေါ်မှ ပြန်လည် နိုးထ လာခဲ့ကြောင်း နှင့် ဆေးရုံ ဝန်ထမ်းများမှာ လန့်ဖျပ်ခဲ့ ရကြောင်း တာဝန်ရှိ သူများက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြား ထားသည်။

အိန္ဒိယ ရဲတပ်ဖွဲ့ဝင် များက အမည် ဖော်ပြထားခြင်း မရှိသော အဆိုပါ အမျိုးသားသည် ရောဂါဝေဒနာ မျိုးစုံ ခံစားနေရပြီး လမ်းဘေးတွင် လဲကျ နေသည်ကို အောက်တိုဘာ ၁၂ ရက်တွင် တွေ့ရှိ ခဲ့ပြီးနောက် ၄င်းကို ဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ခြင်းဖြစ်ကြောင်း ပြောကြား ထားသည်။

ထို့နောက် လော့ခ်မန်ညာ တီလက်ခ် ဒေသ အထွေထွေ ဆေးရုံကြီးမှ ဆရာဝန် တစ်ဦးက ယင်း အမျိုးသားသည် သေဆုံးနေပြီ ဖြစ်သည့် အတွက် ရင်ခွဲ စစ်ဆေးမှုများ လုပ်ဆောင်ရန် ရင်ခွဲရုံသို့ ပို့ဆောင်ရန် ညွှန်ကြား ခဲ့ခြင်းဖြစ်ကြောင်း မွမ်ဘိုင်းမြို့ ဒုတိယ ရဲမင်းကြီး အရှော့ခ်ဒဒ်ဟီ က AFP သတင်းဌာနသို့ ပြောကြား ထားသည်။

အဆိုပါ အမျိုးသားကို ရင်ခွဲစစ်ဆေးမှု လုပ်ဆောင်ရန် အတွက် ရင်ခွဲရုံအတွင်း ထားရှိစဉ် ၄င်းသည် ရုတ်တရက် နိုးထလာပြီး ရဲတပ်ဖွဲ့ဝင် များထံမှ သေစာရင်းကို လုယူကာ ဆုတ်ဖြဲ ခဲ့ကြောင်းနှင့် ရင်ခွဲရုံ အတွင်းမှ ဆရာဝန်များ ထွက်ပြေးခဲ့ ရကြောင်း ဒဒ်ဟီ က ပြောကြား ထားသည်။

လက်ရှိအချိန်တွင် ယင်း အမျိုးသားသည် ကယောင်ကတမ်း ဖြစ်နေသည့် အတွက် ၄င်းကို တည်ငြိမ်အောင် ကြိုးစားကုသ ပေးလျက် ရှိကြောင်း ဆေးရုံအုပ် ဒေါက်တာ ဆူလ်မန်မားချန့် က ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment