iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, October 14, 2015

အမြန်လမ်းတွင်ယာဉ်မောင်းအိပ်ငိုက်၍ လမ်းဘေးပလက်ဖောင်းဝင်တိုက်

ဓါတ်ပုံ - Zaw Shinn (fb)
 ကျောက်တံခါး အောက်တိုဘာ ၁၃

 ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်းရဲစခန်းအပိုင် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် (၁ဝ၃/ဝ-၁)အကြားတွင် အောက်တိုဘာ ၁၃ ရက် နံနက် ၁ နာရီခွဲက ရန်ကုန် မှ မန္တလေးသို့ ယာဉ်မောင်းမျိုးမင်းလတ် မောင်းနှင်သည့် ၉၁/---- ဟွန်ဒိုင်းဘတ်စ်ဖြူဝါကျား ခရီးသည်တင် မှန်လုံယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်း အား ဝင်တိုက်မိပြီး ယာဉ်မှာ တိမ်းမှောက်ခဲ့၍ ယာဉ်ပေါ် တွင် လိုက်ပါလာသူ ခရီးသည် ၄၂ ဦးအနက် ခရီးသည် ငါးဦးမှာ ဒဏ်ရာများ အသီးသီးရရှိခဲ့၍ ကညွတ်ကွင်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရ သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကိုလေးလွင်(ခ)ကိုဝင်း လေး(၃၇)နှစ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကိုဆန်းထူး(၄၈)နှစ် ပုသိမ်ကြီးမြို့နယ်၊ ကိုတင်မျိုးလေး(၂၃)နှစ် ဂျို့ကုန်း ကျေးရွာ လယ်ဝေးမြို့နယ်၊ မမီးမီး(၂၂)နှစ် ဂျို့ကုန်း ကျေးရွာ လယ်ဝေးမြို့နယ်နှင့် မသဲစုနှင်း တစ်နှစ် ငါးလ လယ်ဝေးမြို့နေသူတွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဖြစ်စဉ် နှင့်ပတ်သက်၍ ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်းရဲစခန်းက ယာဉ်မောင်းအား အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment