iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, October 16, 2015

ရခိုင်အမျိုးသားကွန်ရက်မှ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ခရီးစဉ်နှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်

ရခိုင်အမျိုးသားကွန်ရက် ( Arakan National Network) မှ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ခရီးစဉ်နှင့် ပတ်သက်ပြီး သဘောထား တစ်စောင်ကို ယနေ့ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ (၃) ရက်တိုင်တိုင် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့သွားရောက်ပြီး မဲဆွယ်စည်းရုံးရေးတရားများ ဟောပြောမည်ဟု သိရှိရသည်။

ရခိုင်အမျိုးသားကွန်ရက်၏ သဘောထား ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်နှင့်ပတ်သက်သော သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်
စာအမှတ်။ ။ ၂/ ၂၀၁၅

ကွဲပြားစရာ အကြောင်းအရာများ မည်သို့ပင်ရှိစေ ကာမူ ကျွန်ုပ်တို့အနေဖြင့် သမိုင်းကြောင်း အစဉ်အလာ ဂုဏ်သိက္ခာ အရ အိမ်ရှင်မှဧည့်သည်အပေါ် ဧည့်ဝတ်တရားကျေပွန်ရမည်ဖြစ်သဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရခိုင်ပြည်ခရီးစဉ်အား ကျန်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အတူ ဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း အဆိုပါခရီးစဉ်အတွင်း NLDပါတီစည်းရုံးရေးကိစ္စများအပြင် ရခိုင်ပြည်သူတို့လက်ရှိခံစားနေရသော လူမှုဒုက္ခအဖုံဖုံကို လက်တွေ့ခံစားသိမြင်လာပြီး နောင်အနာဂတ် ကာလ၌ ရခိုင်တိုင်းရင်းသားတို့ဘက်မှ ပိုမို ရပ်တည်ရုန်းကန်လာမည်ဟု ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်မိပါသည်။

ကျွန်ုပ်တို့၏ အဆိုပါမျှော်လင့်မှုသည် ပိုမိုခိုင်မာလာစေရန် အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီ၏ ရိုးသားပြီး ရှင်းလင်းတိကျသောသဘောထားများ၊ နိုင်ငံရေးအရတည်ကြည်မှုနှင့် အပြန်အလှန်ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကသာ ကျွန်ုပ်တို့အားလုံး၏အနာဂတ်ကို ပိုမိုလှပစေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်ခရီးစဉ် အောင်မြင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

နိရဉ္စရာ
Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment