iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, October 16, 2015

သံတွဲလေဆိပ်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန် လူပေါင်းထောင်နှင့်ချီ စုရုံး

( ယနေ့ သံတွဲလေဆိပ်လမ်းမတစ်လျှောက် ကြိုဆိုနေကြသူများအားတွေ့ရစဉ်/ ဓာတ်ပုံ- နိရဉ္စရာ)
နိရဉ္စရာ
ရန်ကုန်၊ အောက်တိုဘာ ၁၆

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် သံတွဲ လေဆိပ်တွင် လူပေါင်း ထောင်နှင့်ချီပြီ စုရုံးရောက်ရှိနေပြီဟု သံတွဲလေဆိပ်သို့ ရောက်ရှိနေသည့် နိရဉ္စရာ သတင်းထောက်မှ သတင်းပေးပို့သည်။


ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုဆိုင်းဘုတ်တစ်ခုအား အများက စိတ်ဝင်စား

ရန်ကုန်၊ အောက်တိုဘာ ၁၆

သံတွဲလေဆိပ်တွင် လူငယ်အချို့ ကိုင်ဆောင်ထားသော ဆိုင်းဘုတ်တစ်ခုမှာ အများက စိတ်ဝင်တစားရှိနေပြီး ဓာတ်ပုံရိုက်သူ များပြားနေကြောင်း သိရှိရသည်။

၎င်းဆိုင်ဘုတ်တွင် ရေးသားထားသော စာမှာ "ကမ္ဘာကျော် လူထု ခေါင်းဆောင်အား လှိုက်လှဲစွာကြိုဆိုပါ၏" ဟု ပါရှိပြီးအောက်တွင်

ရခိုင်ပြည်မှာ ANP ၊
တန်းတူညီမျှရမယ့် Federal ဆီ၊
အားလုံးဖြစ်စေချင်တဲ့ အစိုးရက NLD ဟု ရေးသားထားသည်ဟု သိရသည်။

နိရဉ္စရာ
Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment