iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, October 10, 2015

ဆိုင်ကယ်အား ပေါင်နှံသုံးစွဲပြီး လူအား တုတ်ဖြင့်ရိုက်သတ်မှု တာချီလိတ်၌ ဖြစ်ပွား


 လွန်ခဲ့သော (၅)ရက်ခန့်က တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်၊ စက်မှုဇုန်အနီး မယ်ဟုတ်ချောင်းနံဘေးတွင် တုတ်နှင့်ရိုက်နှက်ပြီး လွယ်အိတ်ကြိုးဖြင့်ချည်နှောင်ရစ်သတ်သည့် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူသတ်တရားခံအား အောက်တိုဘာလ(၉)ရက်နေ့က ဖမ်းဆီးရမိကြောင်း တာလေနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တာလေမြို့ သီရိ(၁)ရွာ၊ ရပ်ကွက်(၁)နေ ဒေါ်လွန်းနန်းသည် ၎င်း၏ မြေးဖြစ်သူ အသက်(၁၆)နှစ်ရှိ မောင်အယ်လ်မျိုးဆိုင်းလီအား ဘုရားကျောင်းတက်ရန်အတွက် တာလေဆေးရုံဝန်ထမ်း အဖိုးဖြစ်သူ ဦးအားဖူထံသို့ ဟွန်တာ ဝေ့ အမျိုးအစား မော်တော်ဆိုင်ကယ်အား သွားရောက်ယူခိုင်းရာ တာလေမြို့၊ ရပ်ကွက်(၃)နေ အသက်(၁၈)နှစ်ရှိ စောထူးထူးထီးမိုးနှင့်အတူ ပျောက်ဆုံးနေရာမှ စောထူးထူးထီးမိုး တစ်ယောက်တည်း နေအိမ်သို့ ပြန်လည်ရောက်ရှိနေသည်ကို မသင်္ကာ၍ တာလေမြို့မရဲစခန်းသို့ သွားရောက် တိုင်တန်းရာမှ ရဲတပ်ဖွဲ့မှ စောထူးထူးထီးမိုးအား ရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာမှ ဖြစ်စဉ်ကို သိရှိရတာဖြစ်ကြောင်း သိရသည်။

စောထူးထူးထီးမိုး စစ်ဆေးရာတွင် ၎င်းသည် မောင်အယ်လ်မျိုးဆိုင်းလီအား ဆိုင်ကယ်နှင့်အတူ တာချီလိတ်မြို့သို့ ခေါ်ဆောင်သွားပြီး ဆိုင်ကယ်အား ပေါင်နှံသုံးစွဲကာ  ဆေခမ်းရပ်ကွက်၊ မယ်ဟုတ်ချောင်းနံဘေး တောစပ်တွင် တုတ်နှင့်ရိုက်နှက်ပြီး အယ်လ်မျိုးဆိုင်းလီ လွယ်ထားသော လွယ်အိတ်၏ ကြိုးဖြင့် ချည်နှောင်ရစ်သတ်ကာ အလောင်းအား ချုံအတွင်း မှောက်လျှက်အနေအထားဖြင့် ဖုံးကွယ်ထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးပြီး သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့သည့် အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ သွားရောက်သယ်ဆောင်ကာ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ အယ်လ်မျိုးဆိုင်းလီအား တုတ်နှင့်ရိုက်နှက်ကာ လွယ်အိတ်ကြိုးဖြင့် လည်ပင်အား ပတ်၍ ရစ်ပတ်ချည်နှောင်ပြီး သတ်ခဲ့သူဟု ယူဆသူ အသက် (၁၈)နှစ်ရှိ စောထူးထူးထီးမိုးအား ဥပဒေအရ တာလေနယ်မြေရဲစခန်းမှ (ပ)၁၇/၂၀၁၅၊ ပြစ်မှုပုဒ်မ - ၃၀၂ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tachileik News Agency
http://www.tachileik.net/2015/10/KCD.html

No comments:

Post a Comment