iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, October 17, 2015

ကြံ့ခိုင်ရေးပါတီလူထုတွေ့ဆုံပွဲ တစ်ဦးလျှင် ကျပ်ငွေ သုံးထောင်ဖြင့် တက်ရောက်ကြ


 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူထုတွေ့ဆုံပွဲအခန်းအနားအတွက် ကယားပြည်နယ်မှ မြို့နယ်အသီးသီး ကျေးရွာအသီးသီးပြည်သူများကို နေ့စားခ တစ်ဦးလျှင် ၃၀၀၀ ကျပ် ပေးသည်ဟု လွယ်ထွယ်ရွာမှ ဒေသခံတစ်ဦးက ပြောပါသည်။

“ရွာကြီးရင်လူဦးရေများရင် တက်လာဖို့များများသတ်မှတ်တယ်။ နည်းရင် နည်းနည်းပဲသတ်မှတ်တယ်။ အားလုံးလိုလိုလာကြပါတယ်။ ကားနဲ့စုလာတာပေါ့။ သုံးထောင်လဲပေးမယ်ပြောတယ်။” ဟု ပြောသည်။


ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၈နာရီတွင် ဒေါဥခူရပ်ကွက် ခရိုင်အားကစားကွင်း ၊ လွိုင်ကော်မြို့တွင် ပြုလုပ်သွားပြီး လူထု ၃၅၀၀ ကျော်ခန့်က ပါတီ အင်အား ချီတက်ပြကာ အခန်းအနားတက်ရောက်ကြပြီး အခန်းအနားအပြီးတွင် လမ်းလျှောက်ချီတက်ခဲ့ကြသည်။

“ ဒီနေ့ကတော့ ပါတီအင်အားပြတဲ့သဘောပါ။ ပြီးတော့ သမ္မတကို သွားကြိုမယ်ပေါ့။” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။


ဖရူဆိုမြို့နယ် မူဆိုကျေးရွာမှ အဒေါ်တစ်ဦးသည် မိမိတို့ကျေးရွာတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးဆေးခန်းတွေ ဆေးဝါးများ ၊ ဆရာမများ လိုအပ်နေသည့်အတွက် တောင်းဆိုလိုသည့်အတွက် ကြံ့ခိုင်ရေးပါတီကို အသိပေးစေလိုသည်ဟု ချီတက်လမ်းလျှောက်စဉ် ပြောဆိုသွားပါသည်။

ချီတက်လမ်းလျှောက်စဉ် လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဘိုးရယ်အနေဖြင့် ရွေးကောက်ပွဲအပြီး ထပ်မံအနိုင်ရရှိပါက မိမိမဲဆန္ဒနယ်တွင် အရေးကြီးဆုံးဆောင်ရွက်မည့်လုပ်ငန်း မေးမြန်းခဲ့သော်လည်း ပြောရေးဆိုခွင့်မရှိသည့်အတွက် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အခန်းအနားတွင် ကိုယ်စားလှယ်လောင်းမိတ်ဆက်ခြင်း ၊ ပါတီအောင်နိုင်ရေး ကြွေးကြော်သံများ ပြုလုပ်သွားသည်။

ဓါတ်ပုံ ၊ ကန္တာရဝတီတိုင်း (မ်) ZWM
ကန္တာရဝတီတိုင်း(မ်)
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

No comments:

Post a Comment