iCon
zawgyi သို့ မဟုတ် unicode
Friday, October 16, 2015
ပက်ထရစ်ခွန်ဂျာလီနှင့် ချောစန္ဒီထွန်းတို့အား ခြွင်းချက်မရှိ လွှတ်ပေးရေး အမေရိကန် တောင်းဆို
ဖေ့စ်ဘုတ်တွင်ရေးသားဖော်ပြမှုများကြောင့် တရားစွဲဆိုခံရသည့် ပက်ထရစ်ခွန်ဂျာလီ
နှင့် ချောစန္ဒီထွန်းတို့အား ခြွင်းချက်မရှိ လွှတ်ပေးရေး အမေရိကန် နိုင်ငံခြားရေးဌာန
ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် မစ္စတာဂျွန်ကာဘီက တောင်းဆိုထားကြောင်း သိရ
သည်။
ယင်းနှင့် ပတ်သက်၍ ဝါရှင်တန်ဒီစီ၌ အောက်တိုဘာ ၁၅ ပုံမှန်သတင်းစာရှင်းလင်းပွဲ
တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ပြောကြား
ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြ
ချက်အရ သိရသည် ။
မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ သူရသတ္တိနှင့် ပြည်စုံသော အမျိုး
သမီးဆုရှင် ဒေါ်မေစကယ်ဖြူ ခင်ပွန်း ပက်ထရစ်ခွန်ဂျာလီ အား ဖေ့စ်ဘွတ်ပေါ်တွင်
တင်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ရဲကထိန်းသိမ်းပြီး ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး
ဥပဒေဖြင့် တရားစွဲထားကြောင်း သိရသည့်အတွက် စိတ်ပျက်မိကြောင်း ယင်းကဲ့သို့
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် မချောစန္ဒီအား အရေးယူ
ဆောင်ရွက်ခြင်းများအားလည်း သိထားကြောင်း ယင်းကဆိုသည် ။
မစ္စတာဂျွန်ကာဘီက “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်ဖို့အတွက်
ဒီလိုဥပဒေတွေ သုံးတာဟာ ဒီမိုကရေစီ သဘောတရားနဲ့ တိုက်ရိုက် ဖီလာဆန့်ကျင်
ဖြစ်နေသလို အစိုးရက ပြောထားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လူ့အခွင့်အရေး
တွေကို မြှင့်တင်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့လည်း ဆန့်ကျင်နေပါတယ်။ စစ်ဘက်နဲ့
တခြားအစိုးရ အဖွဲ့အစည်းတွေအကြောင်း ဆွေးနွေးပြောဆိုခြင်း အပါအဝင် လွတ်
လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုတာဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းထဲမှာ တသား
တည်း ပါဝင်နေတာပါ။ ဒီပုဂ္ဂိုလ်တွေကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ အာဏာ
ပိုင်များကို ကျွန်တော်တို့ တောင်းဆိုပါတယ်"ဟု ပြောကြားထားကြောင်း သိရသည် ။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကဲ့သို့ပင် အပြည်ပြည်ဆိုင်ရာ လွတ်
ငြိမ်းချမ်းသားခွင့်အဖွဲ့ (Amnesty International-AI) မှလည်း ဖေ့စ်ဘွတ်
တွင် လှောင်ပြောင်ခဲ့မှုအတွက် ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ဦးကို ချက်ချင်းလွှတ်ပေး
ရေး အောက်တိုဘာ ၁၅ ရက်က တောင်းဆိုထားကြောင်း သိရသည် ။
သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
Labels:
သတင်း
Subscribe to:
Post Comments (Atom)


No comments:
Post a Comment