iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, October 16, 2015

မန်ယူအသင်းရဲ့ Player Of The Month ကို Mata ဆွတ်ခူး




မန်ယူအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား Mata  ဟာ စက်တင်ဘာလအတွက်  Player Of The Month  ကို ဆွတ်ခူးရရှိခဲ့တယ်လို့  သိရပါတယ်။ ညာတောင်ပံကနေ အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ခဲ့တဲ့ Mata ဟာ သူပါဝင်ခဲ့တဲ့ ခြောက်ပွဲမှာ အသင်းကို ငါးပွဲအထိအနိုင်ရအောင် စွမ်းဆောင်ကစားပေးနိုင်ခဲ့ပြီး တိကျတဲ့ ဘောလုံးဖြန့်ဝေမှုတွေက အသင်းကို အကျိုးပြုခဲ့တာပါ။




ဒီအသက်၂၇နှစ်အရွယ်ကစားသမားဟာ ဆောက်သမ်တန် ၊ ဆန်းဒါးလန်း ၊ ဝုလ်ဖ်ဘတ်အသင်းတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးတွေသွင်းယူနိုင်ခဲ့ပြီး ဝုလ်ဖ်ဘတ်အသင်းနဲ့ ပွဲမှာ Smalling ကို နောက်ပြန်ဖနောင့်ကန်ချက်နဲ့ ဂိုးရဖို့ထောက်ပံ့ပေးခဲ့တာတွေက ရင်သပ်ရှုမောစရာ ဖြစ်ခဲ့ရပါတယ်။


Mata ရဲ့ ဒီဆုဟာ မန်ယူအသင်းမှာ  လေးကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး ယခင်နှစ် ဖေဖော်ဝါရီ ၊ ဧပြီ နဲ့ ယခုနှစ် မတ်လတွေမှာလည်း ရရှိခဲ့ဖူးတာပါ။Mata ဟာ ပရိတ်သတ်တွေရဲ့ မဲ ၄၄ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး သူအဓိက ပြိုင်ဆိုင်ခဲ့ရတဲ့ လူငယ်တိုက်စစ်မှူး Martial က မဲ ၄၂ ရာနှုန်းကို ရရှိခဲ့ပါတယ်။ တတိယနေရာမှာတော့ အသင်းနောက်ခံလူ Smalling က မဲ ၁၄ ရာခိုင်နှုန်းရရှိခဲ့ပြီး နောက်တန်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တာ  ဖြစ်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။ 


(Paing A K)

No comments:

Post a Comment