iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, October 13, 2015

ပက်စီစမတ်ဖုန်း ထွက်ရှိမည်

အချိုရည်လို့ပဲ သိထားကြတဲ့ ပက်စီအနေနဲ့ စမတ်ဖုန်းလည်း ထုတ်တယ်ဆိုရင် သင်ယုံပါသလား။ ဒါ ရယ်စရာမဟုတ်ပါဘူး။ ကမ္ဘာကျော် အချိုရည် brand တစ်ခု ဖြစ်တဲ့ ပက်စီဟာ စမတ်ဖုန်းကို ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ တရုတ်ပြည်မကြီး ဈေးကွက်မှာပဲ ရောင်းချဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။
P1 လို့ အမည်ပေးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ယင်းအတွက်လည်း PepsiCo မှ အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ Android 5.5 Lollipop ကို အသုံးပြုပါတယ်။ 1.7GHz processor ပါဝင်ပြီး RAM 2GB ရှိပါတယ်။ Internal storage 16GB ပါဝင်ပြီး microSD ထပ်ဆိုက် နိုင်ပါတယ်။ ဘက်ထရီက 3000 mAh ရှိပါတယ်။ ကင်မရာအနေဖြင့် 13 Megapixel ပါဝင်ပြီး ရှေ့ ကင်မရာကတော့ 5 Megapixel ရှိပါတယ်။ ဖုန်းဟာ အလယ်အလတ်တန်းစား စမတ်ဖုန်းသာသာသာ ဖြစ်ပါတယ်။
ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၆ ဒေါ်လာ ဝန်းကျင်ရှိပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ ပေကျင်းမြို့မှာ တရားဝင် မိတ်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment